- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ ဘင်္ဂလားပင်လယ်အော်ရှိ ကျွန်းတစ်ကျွန်းပေါ်သို့ ရွှေ့ပြောင်းရန် သဘောတူ
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ဒုက္ခသည် ၁၀၀၀၀၀ ခန့်ကို ရွှံနှင့်နုန်းထူထပ်သော ယင်းကျွန်းငယ်လေးပေါ်သို့ ရွှေ့ပြောင်းပေးလိုနေသည်မှာ ကာလကြာရှည်ရှိပြီဖြစ်ပြီး ထိုကဲ့သို့ရွှေ့ပြောင်းခြင်းဖြင့် ဒုက္ခသည် ၁ သန်းနီးပါး နေထိုင်လျက်ရှိသော နယ်စပ်ဒုက္ခသည်စခန်းများတွင် လူဦးရေအလွန်အကျွံထူထပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဖိအားများကို လျှော့ချနိုင်မည်ဟု ပြောကြားထားသည်။
21 Oct 2019
ဘင်္ဂလားဒေ့ရှ်လ ဒုက္ခသည်စခန်းများမှ ထောင်နှင့်ချီသော ဘင်္ဂါလီဒုက္ခသည်များသည် ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ကျွန်းတစ်ကျွန်းပေါ်သို့ ရွှေ့ပြောင်းရန် သဘောတူညီထားကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ယနေ့ထုတ်ပြန်လိုက် သည်ဟု AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ဒုက္ခသည် ၁၀၀၀၀၀ ခန့်ကို ရွှံနှင့်နုန်းထူထပ်သော ယင်းကျွန်းငယ်လေးပေါ်သို့ ရွှေ့ပြောင်းပေးလိုနေသည်မှာ ကာလကြာရှည်ရှိပြီဖြစ်ပြီး ထိုကဲ့သို့ရွှေ့ပြောင်းခြင်းဖြင့် ဒုက္ခသည် ၁ သန်းနီးပါး နေထိုင်လျက်ရှိသော နယ်စပ်ဒုက္ခသည်စခန်းများတွင် လူဦးရေအလွန်အကျွံထူထပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဖိအားများကို လျှော့ချနိုင်မည်ဟု ပြောကြားထားသည်။
ဘဟာရှန်ချားဟု အမည်ရသော အဆိုပါကျွန်းငယ်ပေါ်သို့ ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းကို ကြီးကြပ်ဆောင်ရွက်မည့် အရာရှိများကို လာမည့်ရက်အနည်းငယ်အတွင်း ခန့်အပ်သွားမည်ဟု ဘင်္ဂလားဒေ့ရှ်၏ ဒုက္ခသည်ဆိုင်ရာမဟာမင်းကြီး မာဟ်ဘက်အလမ် က ပြောကြားသည်။
"ခန့်မှန်းခြေအားဖြင့် ဒုက္ခသည် ၆၀၀၀ မှ ၇၀၀၀ ခန့်ဟာ ဘဟာရှန်ချားကိုရွှေ့ပြောင်းလိုတဲ့သူတို့ရဲ့ ဆန္ဒကိုထုတ်ဖော်ပြသ ထားပြီးပါပြီ " ဟုအလမ်က AFP သတင်းဌာနကိုပြောကြားခဲ့ကာ ရွှေ့ပြောင်းလိုသည့်အရေအတွက်မှာ ဆက်လက်မြင့်တက် လျက်ရှိကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားသည်။
ဒုက္ခသည်များကို မည်သည့်အချိန်တွင် စတင်ရွှေ့ပြောင်းမည်ဆိုသည်ကို ၎င်းကပြောကြားခြင်းမရှိသော်လည်း အဆိုပါကျွန်းပေါ်တွင် အဆောက်အအုံများဆောက်လုပ်ရေး စီမံကိန်း၌ပါဝင်သော ရေတပ်အကြီးတန်းအရာရှိတစ်ဦးကမူ လာမည့် ဒီဇင်ဘာလလောက်တွင် ဒုက္ခသည် ၅၀၀ ခန့်စတင်ရွှေ့ပြောင်းဖွယ်ရှိကြောင်း ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်၏ ယခုအစီအစဉ်နှင့်ပတ်သက်ပြီး ဒုက္ခသည်များကို ရွှေ့ပြောင်းနေထိုင်စေမည့် ကျွန်းငယ်သည် လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုခန့်ကမှ ပင်လယ်ထဲတွင် ပေါ်ထွက်လာခြင်းဖြစ်ပြီး မိုးရာသီတွင်တိုက်ခတ်သည့် မုန်တိုင်းများ၏ဒဏ်ကို အလူးအလဲခံစားရဖွယ်ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များက သတိပေးလျက်ရှိသည်။
သို့သော် မာဟ်ဘက်အလမ် က ဒုက္ခသည်များထဲမှခေါင်းဆောင်များကို ကျွန်းပေါ်တွင်နေထိုင်ရမည့် အခြေအနေများနှင့် အဆောက်အဦ၊ အစီအမံများကို ကြည့်ရှုနိုင်ရန် ခေါ်ဆောင်ပေးသွားမည်ဟု ပြောကြားထားသည်။
ကျွန်းပေါ်တွင်တည်ဆောက်ထားသော ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အစီအမံများထဲတွင် မုန်တိုင်းတိုက်ချိန် ဒီရေတက်ခြင်းကိုကာကွယ်ပေးမည့် ၃ မီတာမြင့်သောရေကာတာတစ်ခု၊ လနှင့်ချီ၍စားသုံးနိုင်သော စားနပ်ရိက္ခာများကို သိုလှောင်နိုင်သည့် ဂိုထောင်တစ်ခုတစ်ခုတို့ ပါဝင်ကြောင်းလည်း ၎င်းက ပြောကြားသည်။
လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း တာဝန်ရှိကိုယ်စားလှယ်တစ်ဦး ကျွန်းပေါ်သို့လာရောက်လည်ပတ် ကြည့်ရှုလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ပြောကြားထားသော်လည်း ကုလသမဂ္ဂ ဘက်ကမူ ဘင်္ဂလားဒေ့ရှ်၏ ယခုအစီအစဉ်နှင့်ပတ်သက်၍ လက်တလောတွင်မည်သည့်မှတ်ချက်မျှမပေးသေးချေ။