- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဘင်္ဂလားဒေ့ရှ်ဘက်တွင် နယ်စပ်တစ်လျှောက် နယ်ခြားစောင့်တပ်ဖွဲ့ဝင် အင်အားအများအပြားနေရာချထား
မြန်မာဘက်မှ ကျရောက်ပေါက်ကွဲခဲ့သည့် မော်တာကျည်ကြောင့် သောကြာနေ့ကအမျိုးသမီးငယ်တစ်ဦးသေဆုံးခဲ့ရပြီးနောက်တွင် နှစ်နိုင်ငံတင်းမာမှုများရှိနေပြီးဘင်္ဂလားဒေ့ရှ်ဘက်ကလည်းနယ်စပ်တွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနေရာချထားကြောင်း BD News 24 သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
20 Sep 2022

DMG | စက်တင်ဘာ ၂၀
မြန်မာဘက်မှ ကျရောက်ပေါက်ကွဲခဲ့သည့် မော်တာကျည်ကြောင့် သောကြာနေ့ကအမျိုးသမီးငယ်တစ်ဦးသေဆုံးခဲ့ရပြီးနောက်တွင် နှစ်နိုင်ငံတင်းမာမှုများရှိနေပြီးဘင်္ဂလားဒေ့ရှ်ဘက်ကလည်းနယ်စပ်တွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနေရာချထားကြောင်း BD News 24 သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အစိုးရအနေဖြင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနေရာချထားသလိုကမ်းခြေစောင့်တပ်ကိုလည်းတပ်လှန့်ထားကြောင်းဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် ကာရှက်အာလမ်ကပြောကြားသည်။
“နယ်ခြားစောင့်တပ်နဲ့ ကမ်းခြေစောင့်တပ်တွေကိုအသင့်အနေအထားနေဖို့နဲ့ လိုအပ်လာရင် အကူတပ်တွေ စေလွှတ်ပေးဖို့ အမိန့်ပေးထားပါတယ်” ဟုစက်တင်ဘာ ၁၉ ရက်နေ့က ပြုလုပ်သည့် နယ်စပ်အရေးခေါင်းဆောင်ပိုင်းအစည်းအဝေးတစ်ရပ်အပြီးတွင် ကာရှက်အာလမ်ကသတင်းထောက်များကိုပြောသည်။
“လတ်တလောမှာတော့ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲကိုရေပြင် သို့မဟုတ် ကုန်းတွင်းပိုင်းကနေဝင်လာမယ့် ဒုက္ခသည်သစ်တွေကိုတားဆီးရေးကိုဦးစားပေးထားပါတယ်” ဟုလည်းသူကပြောသည်။
ပြီးခဲ့သောသောကြာနေ့က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် အေအေတို့အကြားတိုက်ပွဲများဖြစ်ပွားစဉ် မော်တာကျည်များဘင်္ဂလားဒေ့ရှ်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါပေါက်ကွဲမှုအတွင်းမူဆလင်မိန်းကလေးတစ်ဦးသေဆုံးပြီးဒဏ်ရာရသူအများအပြားရှိခဲ့သည်။
ယခုလအစောပိုင်းကလည်း မြန်မာစစ်တပ်မှ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များသည် နယ်စပ်ကို ဖြတ်ပြီးဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲမှနေ၍ အေအေကိုတိုက်ခိုက်ခဲ့ကြောင်း BD News 24 သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် အာဆီယံနိုင်ငံများ၏ သံတမန်များအားဒါကာတွင် အနှစ်ချုပ် တင်ပြဆွေးနွေးပြီး နှစ်နိုင်ငံတင်းမာမှုကိုဖြေလျှော့ရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေးအတွင်းဝန် ကာရှက်အာလမ်ကပြောကြားသည်။
“စစ်တပ်ကိုစေလွှတ်ဖို့တော့ လတ်တလောမှာအစီအစဉ်မရှိသေးပါဘူး” ဟုအာလမ်ကဆိုသည်။