- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ဖိလစ်ပိုင်တွင် ကလေးသူငယ် လက်ထပ်ထိမ်းမြားခြင်းကို တရားဝင်တားမြစ်
မိန်းကလေး ၆ ယောက်တွင် ၁ ယောက်သည် အသက် ၁၈ နှစ် မတိုင်မီတွင် လက်ထပ်ထိမ်းမြားနေကြသော အလေ့အထရှိနေသည့် ဖိလစ်ပိုင်နိုင်ငံတွင် ကလေးသူငယ် လက်ထပ်ထိမ်းမြားခြင်းကို ဥပဒေဖြင့် တရားဝင် တားမြစ်လိုက်ပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
10 Jan 2022
DMG ၊ ဇန်နဝါရီ ၁၀
မိန်းကလေး ၆ ယောက်တွင် ၁ ယောက်သည် အသက် ၁၈ နှစ် မတိုင်မီတွင် လက်ထပ်ထိမ်းမြားနေကြသော အလေ့အထရှိနေသည့် ဖိလစ်ပိုင်နိုင်ငံတွင် ကလေးသူငယ် လက်ထပ်ထိမ်းမြားခြင်းကို ဥပဒေဖြင့် တရားဝင် တားမြစ်လိုက်ပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဆင်းရဲနွမ်းပါးသော အရှေ့တောင် အာရှနိုင်ငံတစ်ခုဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်ရှိ ကလေးသူငယ်များ လက်ထပ်ထိမ်းမြားမှု အမြင့်ဆုံးရှိသည့် နိုင်ငံများထဲတွင် အဆင့် ၁၂ အဖြစ်ရှိနေသည်ကို ဗြိတိန် အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ ပလန် နိုင်ငံတကာအဖွဲ့အစည်း၏ အချက်အလက်များအရ သိရသည်။ ထို့အပြင် ကာလရှည်ကြာ ထိန်းသိမ်းထားသော ယဉ်ကျေးမှု အလေ့အထများနှင့် ကျား၊မ မညီမျှမှုများကလည်း အပြောင်းအလဲကို ဟန့်တားလျက် ရှိနေသည်။
သို့သော် ပြီးခဲ့သည့်ကြာသပတေးနေ့က သမ္မတရိုဒရီဂိုဒူတာတေး လက်မှတ်ထိုး၍ ပြည်သူများထံသို့ ထုတ်ပြန်ခဲ့သော အဆိုပါ ဥပဒေသစ်တွင် အသက် ၁၈ နှစ်အောက်ငယ်သော သူများနှင့် လက်ထပ်ထိမ်းမြားခြင်း သို့မဟုတ် အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခြင်းများ အတွက် ထောင်ဒဏ် ၁၂ နှစ် အထိချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။
အသက်မပြည့်သေးသော သူများကို ပေါင်းဖက်ရန် စီစဉ်ပေးသူနှင့် အခမ်းအနား ကျင်းပပေးသူများသည်လည်း အလားတူ ပြစ်ဒဏ်အတိုင်း ကျခံကြရမည် ဖြစ်သည်။
ကလေးသူငယ် လက်ထပ်ထိမ်းမြားခြင်းသည် ကလေးများ၏ ပင်ကိုယ်တန်ဖိုးနှင့် ဂုဏ်သိက္ခာတို့ကို တန်ဖိုးအားဖြင့်သော်လည်းကောင်း၊ အဆင့်အတန်းအားဖြင့်သော်လည်းကောင်း လျော့ကျစေခြင်း နှင့် နိမ့်ပါးစေခြင်းတို့ကို ဖြစ်စေသောကြောင့် နိုင်ငံတော်က ကလေးသူငယ် လက်ထပ် ထိမ်းမြားခြင်းကို ကလေးသူငယ် ညှင်းပန်းနှိပ်စက်သော အလေ့အထတစ်ခုအဖြစ် ရှုမြင်သည်ဟု အဆိုပါ ဥပဒေ၌ ဖော်ပြထားသည်။
ဤဥပဒေသည် အမျိုးသမီးများ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်များနှင့်လည်း ကိုက်ညီမှုရှိသည်ဟု အစိုးရက ပြောကြားသည်။
သို့သော်လည်း ကလေးသူငယ် ထိမ်းမြားခြင်း ဆိုသည်မှာ သာမန်ကိစ္စရပ်ကဲ့သို့ ဖြစ်နေသော မူဆလင်များနှင့် ဌာနေတိုင်းရင်းသား အသိုက်အဝန်းများ အတွက် အကူးအပြောင်းကာလကို ခွင့်ပြုသည့် အနေဖြင့် ဥပဒေပြုခြင်းဆိုင်ရာ အချို့သော အခန်းကဏ္ဍများကို တစ်နှစ်ကြာ ဆိုင်းငံံ့ထားသည်။
ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့၏ ယမန်နှစ် အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းရှိ မိန်းကလေးများနှင့် အမျိုးသမီးများ၏ ဘီလျံထက်ဝက်ကျော်သည် ငယ်စဉ် ကလေးဘဝတည်းက ထိမ်းမြားခံခဲ့ရပြီး ကလေးသူငယ် ထိမ်းမြားမှု အမြင့်ဆုံးနှုန်းမှာ အာဖရိက ဆာဟာရဒေသခွဲနှင့် တောင်အာရှတို့တွင် ဖြစ်ကြောင်း သိရသည်။