- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ကနေဒါတွင် နေရာနှစ်ခု၌ ဓားထိုးမှုဖြစ်ပွားပြီး အနည်းဆုံး ၁၀ ဦးသေဆုံး
ကနေဒါနိုင်ငံတွင် စက်တင်ဘာလ ၄ ရက်နေ့က နေရာနှစ်ခု၌ ဓားထိုးမှုဖြစ်ပွားခဲ့သဖြင့် လူ ၁၀ ဦးအနည်းဆုံး သေဆုံးကာ တစ်ဒါဇင်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
05 Sep 2022

DMG ၊ စက်တင်ဘာ ၅
ကနေဒါနိုင်ငံတွင် စက်တင်ဘာလ ၄ ရက်နေ့က နေရာနှစ်ခု၌ ဓားထိုးမှုဖြစ်ပွားခဲ့သဖြင့် လူ ၁၀ ဦးအနည်းဆုံး သေဆုံးကာ တစ်ဒါဇင်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ကနေဒါရှိ ဌာနေတိုင်းရင်းသားများအသိုင်းအဝိုင်း တစ်ခုဖြစ်သော ဂျိမ်းစမစ်ခရီးနေးရှင်းနှင့် အနီးရှိ ဝဲလ်ဒင်မြို့တို့မှ အရေးပေါ် တယ်လီဖုန်းခေါ်ဆိုမှုကြောင့် သွားရောက်ခဲ့ရာတွင် လူ ၁၀ ဦး သေဆုံးနေသည်ကို တွေ့ရကြောင်း ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာ ရွန်ဒါဘလက်မိုးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“ဒဏ်ရာရသူတွေလည်း အများအပြားရှိနေတာ တွေ့ရပါတယ်။ အဲဒီထဲက ၁၅ ဦးကို ဆေးရုံတွေဆီ ပို့ထားပါတယ်” ဟုလည်း သူမက ပြောသည်။
“ကျွန်မတို့အခု သံသယရှိသူ နှစ်ဦးကိုရှာဖွေနေပြီး မှုခင်းဖြစ်ပွားရာနေရာတွေကိုလည်း စစ်ဆေးနေပါတယ်” ဟု သူမကပြောသည်။
သံသယရှိသူနှစ်ဦးမှာ ၃၀ နှင့် ၃၁ နှစ်အရွယ် အမျိုးသားများဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် နစ်ဆင်ကားအနက်ဖြင့် ထွက်ပြေးသွားသဖြင့် အဝေးပြေးလမ်းမများနှင့် ဒေသတွင်း လမ်းများတစ်လျှောက်တွင် စစ်ဆေးရေးဂိတ် အများအပြားချကာ စစ်ဆေးလျက်ရှိသည်။
လူဦးရေ ၂၅၀၀ ရှိသည့် ဂျိမ်းစမစ်ခရီးနေးရှင်း ဒေသကို လတ်တလောတွင် အရေးပေါ်အခြေအနေ ကြေညာထားသည်။
တိုက်ခိုက်ခံရသူအချို့မှာ ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်း ဖြစ်သော်လည်း အခြားသူများမှာ ကြုံရာကျပန်း တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဘလက်မိုးက ပြောကြားသည်။
“ဘာကြောင့် တိုက်ခိုက်တာလဲ ဆိုတာကိုတော့ ခုအချိန် ပြောပြဖို့ခက်ပါတယ်” ဟုလည်း သူမကပြောသည်။