- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကတ်တလန်ခွဲထွက်ရေးသမား ၅ သိန်းကျော် ချီတက်ဆန္ဒပြပြီးနောက် ဘာစီလိုနာတွင် အဓိကရုဏ်းများအရှိန်မြင့်တက်
လွန်ခဲ့သော ၂ နှစ်ခန့်က မအောင်မမြင်ဖြစ်ခဲ့သော ကတ်တလန်ဒေသ လွတ်လပ်ရေးတောင်းဆိုလှုပ်ရှားမှုအတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ကတ်တလန်ခွဲထွက်ရေးခေါင်းဆောင် ၉ ဦးအား စပိန်တရားရုံးတစ်ရုံးက ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် မကျေနပ်ရာမှ ကတ်တလန်မြို့တော် ဘာစီလိုနာနှင့် အခြားဒေသများတွင် ပြီးခဲ့သောတစ်ပတ်အတွင်း ၅ ရက်ဆက်တိုက် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။
19 Oct 2019
စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင် သောကြောနေ့ ညနေပိုင်းက ပဋိပက္ခများနှင့် အဓိကရုဏ်းများ အရှိန်မြင့်တက်လျက်ရှိရာ ဆန္ဒပြသမားများက ရဲများကို ကျောက်တုံးများ၊ မီးပန်းများဖြင့်ပစ်ပေါက်ပြီး ရဲများကလည်း မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့် ပြန်လည်ပစ်ခတ်ကြောင်း CNA သတင်းတစ်ရပ်အရ သိရသည်။
လွန်ခဲ့သော ၂ နှစ်ခန့်က မအောင်မမြင်ဖြစ်ခဲ့သော ကတ်တလန်ဒေသ လွတ်လပ်ရေးတောင်းဆိုလှုပ်ရှားမှုအတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ကတ်တလန်ခွဲထွက်ရေးခေါင်းဆောင် ၉ ဦးအား စပိန်တရားရုံးတစ်ရုံးက ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် မကျေနပ်ရာမှ ကတ်တလန်မြို့တော် ဘာစီလိုနာနှင့် အခြားဒေသများတွင် ပြီးခဲ့သောတစ်ပတ်အတွင်း ၅ ရက်ဆက်တိုက် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။
တနင်္လာနေ့မှစတင်ခဲ့သော ဆန္ဒပြပွဲများထဲတွင် အကြီးဆုံးအဖြစ်နှင့် သောကြာနေ့၊ မနက်ပိုင်းက လူပေါင်း ၅ သိန်းကျော်က ဘာစီလိုနာတွင် ချီတက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသမားများသည် ကမ္ဘာလှည့်ခရီးသွားများ အဓိက လည်ပတ်ရာနေရာများကို ဦးတည်ချီတက်ခဲ့ပြီး အထွေထွေသပိတ်အဖြစ် ၎င်းတို့ကသတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။
ဆန္ဒပြသူအများစုမှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကြသော်လည်း လူငယ်ဆန္ဒပြသမားအချို့မှာ ရဲစခန်းများအနီး အရောက်တွင် ဆူပူသောင်းကျန်းကာ မီးခိုးအမည်းများထွက်သည့် မီးတောက်ကြီးများကိုမီးညှိခဲ့ကြသည်။ ထို့အတူ ရဲများကလည်း ၎င်းတို့ကို မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုခွဲရန်ကြိုးပမ်းခဲ့ကြသည်။
"ဖက်ဆစ်ဆန့်ကျင်ရေး ကတ်တလန်သားတွေ၊ ဒီလမ်းတွေဟာ အမြဲတမ်း ငါတို့လမ်းတွေပဲ" ဟုဆန္ဒပြသမားမျာက ကြွေးကြော်ခဲ့ကြသည်။
ဘာစီလိုနာမြို့လယ်ခေါင်ရှိ ဆိုင်အများအပြားမှာ တနင်္လာနေ့ကတည်းက စတင်သော ဆန္ဒပြပွဲနှင့် ပဋိပက္ခများကြောင့် ပိတ်ထားရသည်။
ခွဲထွက်ရေးခေါင်းဆောင်များကို ထောင်ဒဏ်ချမှတ်လိုက်ခြင်းမှာ ၎င်းတို့၏နောက်ဆုံးသည်းခံနိုင်စွမ်းကို ကုန်ဆုံးသွားစေခဲ့ ခြင်းဖြစ်ကြောင်း အငြိမ်းစားရှေ့နေတစ်ဦးက သုံးသပ်ပြီး ဆန္ဒပြသမားများထဲမှ အသက် ၂၃ နှစ်အရွယ် အင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်သူ ရာမွန်ပါရာရာဒါကမူ ယခုဆန္ဒပြပွဲများသည် မတရားမှုအပေါ် တုံ့ပြန်မှုဖြစ်ကြောင်း ပြောကြားသည်။
ဆန္ဒပြပွဲများ၏ ပထမ ၃ ရက်တာအတွင်းမှာပင် ထိခိုက်ပျက်စီးမှုစုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၇၅ သန်းခန့် ရှိခဲ့ကြောင်း ဘာစီလိုနာမြို့တော်ကောင်စီက ထုတ်ပြန်ထားသည်။
ကတ်တလန်ဒေသခွဲထွက်ရေးကို သဘောမတူသည့် ကတ်တလန်သားများလည်းရှိနေပြီး လူငယ်များသည် ကတ်တလန် ခွဲထွက်ရေးလှုပ်ရှားမှုတွင် အသုံးချခံများဖြစ်နေသည်ဟု ဝေဖန်သုံးသပ်သူများလည်း ရှိသည်။
ကတ်တလန်ဒေသ၏ အအောင်မြင်ဆုံးနှင့် အကြီးဆုံးဘောလုံးကလပ်အသင်းဖြစ်ပြီး စပိန်တစ်နိုင်ငံလုံးအနေဖြင့်လည်း ရီးရဲလ်မက်ဒရစ်နှင့်အပြိုင် အအောင်မြင်ဆုံး အသင်းတစ်သင်းအဖြစ် ရပ်တည်နေသည့် ဘာစီလိုနာကလပ်အသင်း၏ မန်နေဂျာဟောင်းလည်းဖြစ်၊ ကတ်တလန်ခွဲထွက်ရေးကို ထောက်ခံသူလည်း ဖြစ်သော ဘောလုံးနည်းပြ ပက်ပ်ဂွါဒီယိုလာကမူ ကတ်တလန်ပဋိပက္ခကို နိုင်ငံတကာမှ ကြားဝင်ညှိနှိုင်းပေးသင့်သည်ဟု သုံးသပ်ပြောကြားထားသည်။