- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အာဆီယံဥက္ကဌလောင်းကမ္ဘောဒီးယားသို့ လက်နက်ရောင်းချမှု တားမြစ်မိန့် အမေရိကန်ထုတ်ပြန်
လာမည့်နှစ်တွင် အာဆီယံဥက္ကဌဖြစ်လာတော့မည့် ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နှင့် အဆက်အဆံရှိနေသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများပါ ရှိနေသဖြင့် ၎င်းနိုင်ငံသို့ လက်နက်ရောင်းချခြင်း မပြုရန် တားမြစ်မိန့်တစ်ရပ်အား အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်ကြောင်း ဘလွန်းဘက်သတင်းဌာနက ဖော်ပြသည်။
09 Dec 2021

DMG | ဒီဇင်ဘာ ၉
လာမည့်နှစ်တွင် အာဆီယံဥက္ကဌဖြစ်လာတော့မည့် ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နှင့် အဆက်အဆံရှိနေသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများပါ ရှိနေသဖြင့် ၎င်းနိုင်ငံသို့ လက်နက်ရောင်းချခြင်း မပြုရန် တားမြစ်မိန့်တစ်ရပ်အား အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်ကြောင်း ဘလွန်းဘက်သတင်းဌာနက ဖော်ပြသည်။
မြန်မာ့အရေးအတွက် ဖိအားပေးရန်အပါအဝင် အာဆီယံဒေသတွင်း တရုတ်၏သြဇာလွှမ်းမိုးမှုကို အပြန်အလှန်ထိန်းညှိရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် အာရှသို့ လာရောက်ရန် ရက်ပိုင်းအလို၌ ယခုကဲ့သို့ တားမြစ်မိန့် ထွက်ရှိလာခြင်းဖြစ်သည်။
တရုတ်၏ စစ်ရေးသြဇာ ပိုမိုနက်ရှိုင်းလာမှု၊ အကျင့်ပျက်ခြစားမှု၊ ကမ္ဘောဒီးယားအစိုးရနှင့် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ယခုကဲ့သို့ တားမြစ်မိန့် ထုန်ပြန်လိုက်ခြင်း ဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့ ထုတ်ပြန်မည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ လက်နက်ရောင်းချခွင့် တားမြစ်မိန့်အရ အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးလုံးသုံးနိုင်သည့် ပစ္စည်းများ၊ သတ်မှတ်ထားသော စစ်ဘက်သုံးပစ္စည်းများနှင့် စစ်ထောက်လှမ်းရေးဆိုင်ရာ ဝန်ဆောင်မှုများ အသုံးပြုခွင့်ကို ကန့်သတ်ခံရမည် ဖြစ်သည်။
ကမ္ဘောဒီယားဘက်ကမူ ဤအရေးယူမှုများသည် “နိုင်ငံရေးဆန်သည့် လုပ်ရပ်များ” သာဖြစ်ပြီး ဝါရှင်တန်နှင့် ဆွေးနွေးမည်မဟုတ်ကြောင်း တုံ့ပြန်ပြောကြားထားသည်။
လာမည့်နှစ်တွင် အာဆီယံဥက္ကဌရာထူးကို လက်ခံယူရမည့် ကမ္ဘောဒီးယားသည် အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာထိန်းသိမ်းထားသည့် မြန်မာစစ်ခေါင်းဆောင်များနှင့်လည်း အနီးကပ်ဆက်ဆံရေး ရှိထားသည်။
မြန်မာစစ်တပ်က ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ပြီးခဲ့သော ရက်ပိုင်းကမှ ကမ္ဘောဒီယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း မိမိအနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ပြီး စစ်တပ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန်ရှိသလို မြန်မာအာဏာပိုင်များကိုလည်း အာဆီယံအစည်းအဝေးများသို့ ဖိတ်ခေါ်သင့်ကြောင်း ပြောကြားထားသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။