- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
တရုတ်ပြည် အနောက်တောင်ပိုင်းမှာ ပြင်းအား ၆ ဒသမ ၆ မဂ္ဂနီကျူ့ရှိသည့် ငလျင်လှုပ်ခတ်
တရုတ်ပြည် အနောက်တောင်ပိုင်းတွင် ယနေ့(စက်တင်ဘာ ၅ ရက်) အစောပိုင်းက ၆ ဒသမ ၆ မဂ္ဂနီကျူ့ ပြင်းအားရှိသည့် ငလျင်တစ်ရပ်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန(USGS)၏ ပြောကြားချက်အရ သိရသည်။ ကိုဗစ်-၁၉ လော့ဒေါင်းစည်းကမ်းကြောင့် ပြည်သူသန်းပေါင်းများစွာ နေအိမ်တွင်း၌ နေထိုင်နေရသည့် ချန်ဒူးမြို့တွင် ငလျင်ကြောင့် အဆောက်အအုံများ လှုပ်ခါခြင်းများဖြစ်ခဲ့သည်ဟုလည်း လေ့လာချက်အရသိရသည်။
05 Sep 2022

DMG ၊ စက်တင်ဘာ ၅

အဆိုပါငလျင်သည် စီချွမ်ခရိုင်၊ ကန်ဒင်မြို့ အရှေ့တောင်ဘက် ၄၃ ကီလိုမီတာခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဟု USGS ကဖော်ပြသည်။ အနီးရှိ ချန်ဒူးမြို့တွင် လှုပ်ခတ်မှုများခံစားခဲ့ရသည်ဟု မြို့ခံများက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။
“တော်တော်လေးပြင်းတယ်”ဟု မြို့ခံတစ်ဦးက ဖြေကြားသည်။
“မြေညီထပ်က လူတွေက ပိုပြီးသိသိသာသာ ခံစားရတယ်လို့ပြောတယ်”ဟုလည်း သူကဆိုသည်။
မြို့နေလူထု ၂၁ သန်းရှိသည့် ချန်ဒူးတွင် ပြီးခဲ့သောရက်ပိုင်း၌ ကိုဗစ်ကူးစက်မှု ရာပေါင်းများစွာတွေ့ရှိခဲ့သည့်အတွက် တစ်မြို့လုံးကို လော့ဒေါင်းစည်းကမ်းများချမှတ်ထားပြီး ပြည်သူများကိုလည်း နေအိမ်ထဲတွင်သာနေထိုင်ကြရန် စည်းကမ်းထုတ်ပြန်ထားသည်။
ငလျင်ဗဟိုချက်နေရာသို့ ကယ်ဆယ်ရေးဝန်ထမ်း ၅၀၀ ကျော် စေလွှတ်ထားပြီဟု အစိုးရပိုင်ရုပ်သံ CGTN ကဖော်ပြသည်။ လတ်တလောတွင် ထိခိုက်ဒဏ်ရာရမှုအခြေအနေများကို မသိရသေးပေ။
တစ်နာရီခန့်အကြာတွင် အင်အားပိုနည်းသည့် ၄ ဒသမ ၆ မဂ္ဂနီကျူ့ငလျင်တစ်ခု တိဘက်အရှေ့ပိုင်းတွင် လှုပ်ခတ်ခဲ့သေးသည်ဟု USGS ၏ ဖော်ပြချက်အရသိရသည်။
တရုတ်ပြည် အနောက်တောင်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုများကို မကြာခဏဆိုသလို ကြုံတွေ့ရလေ့ရှိသည်။ ၂၀၀၈ ခုနှစ်က စီချွမ်ခရိုင် ဝမ်ချွမ်ဒေသတွင် ၈ ဒသမ ၀ မဂ္ဂနီကျူ့ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့သည့်အတွက် လူပေါင်း သောင်းဂဏန်းအထိ သေဆုံးခဲ့ကာ ပျက်စီးဆုံးရှုံးမှုလည်း အကြီးအကျယ်ရှိခဲ့သည်။