- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
သွေးလွန်တုပ်ကွေးရောဂါကုသဆေး ကိုဗစ်-၁၉ ကိုကာကွယ်သည့် ကိုယ်ခံအား ထုတ်ပေးနိုင်ခြေရှိ
ခြင်မှတစ်ဆင့်ကူးစက်တတ်သော အဖျားရောဂါသည် ကိုဗစ်-၁၉ ရောဂါကို ခံနိုင်ရည်ရှိသည့် ကိုယ်ခံအား ထုတ်ပေးနိုင်ခြေရှိကြောင်း ဘရာဇီးတွင်ဖြစ်ပွားသော ကိုရိုနာကူးစက်မှုများကို လေ့လာချက်တစ်ရပ်အရ သိရသည်။
23 Sep 2020
ခြင်မှတစ်ဆင့်ကူးစက်တတ်သော အဖျားရောဂါသည် ကိုဗစ်-၁၉ ရောဂါကို ခံနိုင်ရည်ရှိသည့် ကိုယ်ခံအား ထုတ်ပေးနိုင်ခြေရှိကြောင်း ဘရာဇီးတွင်ဖြစ်ပွားသော ကိုရိုနာကူးစက်မှုများကို လေ့လာချက်တစ်ရပ်အရ သိရသည်။
ယခုလေ့လာချက်အား ဦးဆောင်သူ မီဂဲလ်နီကိုလေလစ်သည် ဒျူ့တက္ကသိုလ်၏ ပါမောက္ခတစ်ဦးဖြစ်သည်။ တရားဝင်ဖော်ပြခြင်း မရှိသေးဘဲ ဤလေ့လာချက်ကို ရိုက်တာသတင်းဌာနနှင့် မျှဝေခဲ့ခြင်းဖြစ်သည်။
လေ့လာသူများသည် ၂၀၁၉၊ ၂၀၂၀ ခုနှစ်အတွင်း ကိုရိုနာကူးစက်မှုနှင့် သွေးလွန်တုပ်ကွေး (Dengue Fever) ကူးစက်မှု အချက်အလက်များအား နှိုင်းယှဉ်လေ့လာခဲ့ကြသည်။
ကိုဗစ်ကူးစက်မှု နည်းပါးသောဒေသများသည် သွေးလွန်တုပ်ကွေးရောဂါ အပြင်းအထန်ဖြစ်ပွားခဲ့သော နေရာများဖြစ်နေသည်ကို လေ့လာချက်တွေ တွေ့ရှိခဲ့ရသည်။
ယခုလေ့လာချက်အရ ဆိုလျှင် သွေးလွန်တုပ်ကွေးနှင့် ကိုဗစ်ရောဂါအကြားတွင် အပြန်အလှန် ကိုယ်ခံအားတစ်ရပ် ရှိနေနိုင်ခြေရှိသည်ဟု လေ့လာချက်တွင် ဖော်ပြထားသည်။
ဤယူဆချက်သာ မှန်ကန်ကြောင်း သက်သေပြနိုင်မည် ဆိုပါက သွေးလွန်တုပ်ကွေးကုသဆေးသည် ကိုဗစ်ရောဂါ ခုခံအားအတွက် အထောက်အကူပြုနိုင်ကြောင်းလည်း လေ့လာချက်တွင် ဖော်ပြထားသည်။
ဘရာဇီးသည် အမေရိကန်နှင့် အိန္ဒိယနိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွက် ကိုဗစ်ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်နေ့အထိ ကူးစက်မှုစုစုပေါင်း ၄ သန်းခွဲဝန်းကျင်ရှိသည်။
လေ့လာသူများသည် ယခုတွေ့ရှိချက်နှင့် ပုံစံတူရလဒ်များအား လက်တင်အမေရိကရှိ အခြားဒေသများအပါအဝင် အာရှဒေသနှင့် ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာရှိ ကျွန်းဆွယ်အချို့တွင်ပါ တွေ့ခဲ့ရသည်ဟု ဆိုသည်။
ကမ္ဘာတစ်ဝန်းတွင် စက်တင်ဘာလ ၂၃ ရက်နေ့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စုစုပေါင်း ၃၂ သန်းနီးပါး၊ သေဆုံးသူစုစုပေါင်း ၉ သိန်း ၇ သောင်း ရှိကြောင်း Worldometers တွင် ဖော်ပြထားသော အချက်အလက်များအရ သိရသည်။