ဒေါ်အောင်ဆန်းစုကြည် ကန်ဒေါ်လာ ၆ သိန်းနှင့် ရွှေများ တရားမဝင်လက်ခံခဲ့ဟုဆို

ဒေါ်အောင်ဆန်းစုကြည်သည် ရာထူးရယူထားစဉ် အမေရိကန်ဒေါ်လာ ၆ သိန်းတန်ဖိုးရှိသည့် ငွေသားများနှင့် ရွှေများ လက်ခံရယူခဲ့ကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

By Foreign Desk 12 Mar 2021

ဓာတ်ပုံ - Reuters

DMG ၊ မတ် ၁၂

ဒေါ်အောင်ဆန်းစုကြည်သည် ရာထူးရယူထားစဉ် အမေရိကန်ဒေါ်လာ ၆ သိန်းတန်ဖိုးရှိသည့် ငွေသားများနှင့် ရွှေများ လက်ခံရယူခဲ့ကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

နေပြည်တော်တွင် မတ်လ ၁၁ ရက်နေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

သမ္မတဦးဝင်းမြင့် အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးအများအပြားလည်း လာဘ်စားမှုများတွင် ပါဝင်ပတ်သက်နေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်က ရွေးကောက်ပွဲကော်မရှင်အား မဲစာရင်းများ ပြန်လည်စိစစ်ပေးရန် တောင်းဆိုမှုကို ငြင်းဆန်ရန် သမ္မတဦးဝင်းမြင့်က ကော်မရှင်ကို ဖိအားပေးခဲ့သည်ဟုလည်း သူကဆိုသည်။