- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မသန်စွမ်းသူများ အန်းဒရွိုက်ဖုန်းများကို မျက်နှာအမူအရာဖြင့် အသုံးပြုနိုင်ပြီ
ဆွံ့အသူများနှင့် ကိုယ်ကာယ မသန်စွမ်းသူများသည် အဆင့်မြှင့်ထားသည့် အန်းဒရွိုက်စမတ်ဖုန်းများအား လက်ကိုအသုံးပြုစရာ မလိုဘဲ မျက်ခုံးတစ်ခါပင့်ရုံ တစ်ချက်ပြုံးရုံဖြင့် အသုံးပြုနိုင်ပြီဖြစ်ကြောင်း Google ကုမ္ပဏီက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
02 Oct 2021

DMG ၊ အောက်တိုဘာ ၂
ဆွံ့အသူများနှင့် ကိုယ်ကာယ မသန်စွမ်းသူများသည် အဆင့်မြှင့်ထားသည့် အန်းဒရွိုက်စမတ်ဖုန်းများအား လက်ကိုအသုံးပြုစရာ မလိုဘဲ မျက်ခုံးတစ်ခါပင့်ရုံ တစ်ချက်ပြုံးရုံဖြင့် အသုံးပြုနိုင်ပြီဖြစ်ကြောင်း Google ကုမ္ပဏီက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
မျက်နှာနှင့် မျက်လုံး လှုပ်ရှားမှုများကို ဖမ်းယူရန်အတွက် စမတ်ဖုန်းများတွင် ရှေ့ကငင်မရာများနှင့် ကိရိယာသစ် ၂ မျိုးပါ စက်ပိုင်းဆိုင်ရာ မှတ်သားခြင်းတို့ ပါရှိသည်။
အသုံးပြုသူများသည် သူတို့၏ ဖုန်းမျက်နှာပြင်ကို စကမ်ဖတ်နိုင်ပြီး ပြုံးခြင်း၊ မျက်ခုံးပင့်ခြင်း၊ ပါးစပ်ဟခြင်း သို့မဟုတ် ဘယ်၊ညာ သို့မဟုတ် အပေါ်သို့ကြည့်ခြင်းဖြင့် လုပ်ဆောင်ချက်တစ်ခုကို ရွေးချယ်နိုင်သည်။
“အန်းဒရွိုက်ဖုန်းများကို လူတိုင်း လက်လှမ်းမီစေနိုင်ရန်အတွက် မျက်နှာအမူအရာသုံးပြီး ဖုန်းကို အလွယ်တကူ ထိန်းချုပ်နိုင်သော ပစ္စည်းကိရိယာသစ်များကို စတင်မိတ်ဆက်လိုက်ပြီ” ဟု Google က ပြောသည်။
ပြောင်းလဲမှုများမှာ သွင်ပြင်သစ ်၂ မျိုး၏ ရလဒ်ကြောင့်ဖြစ်ပြီး တစ်မျိုးမှာ "Camera Switches" - ဟုခေါ်သောကင်မရာအသုံးပြုမှုဖြစ်သည်။ ၎င်းမှာ လူများ စမတ်ဖုန်းနှင့် ဆက်သွယ်အသုံးပြုရန်အတွက် ဖုန်းကို တို့ထိမည့်အစား ၎င်းတို့၏မျက်နှာများကို အသုံးပြုစေရန်ဖြစ်သည်။
အခြားတစ်မျိုးမှာ "Project Activate"- ဟုခေါ်သော အန်းဒရွိုက် အသုံးပြုမှုအသစ် ဖြစ်ပြီး ၎င်းမှာ အသံသွင်းထားသောစကားကို ဖွင့်ခြင်း၊ စာပို့ခြင်း သို့မဟုတ် ဖုန်းခေါ်ဆိုမှုပြုခြင်းတို့ကဲ့သို့သော အပြုအမူ တစ်မျိုးမျိုးကို ပြုလုပ်ရန် လူများအား မျက်နှာအမူအရာများကို အသုံးပြုစေသည်။
“ယခုအချိန်တွင် မည်သူမဆို မျက်လုံးလှုပ်ရှားမှု၊ မျက်နှာအမူအရာ လှုပ်ရှားမှုများကို စနစ်တကျအသုံးပြုကာ ၎င်းတို့၏ ဖုန်းများအား လိုအပ်သလို ညွှန်ကြားစေခိုင်းနိုင်ပြီ” ဟု Google က ဆိုသည်။
ရောဂါထိန်းချုပ်ကာကွယ်ရေး ဌာနများ၏ ခန့်မှန်းချက်အရ အမေရိကန်နိုင်ငံရှိ အရွယ်ရောက်ပြီးသူ မသန်စွမ်း ၆၁ သန်း ရှိသည်။ ထိုအချက်က Google၊ Apple နှင့် မိုက်ခရိုဆော့ဖ် ကုမ္ပဏီများအား
၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ထိုမသန်စွမ်းသူများ လက်လှမ်းမီစေနိုင်ရန်အတွက် လုပ်ဆောင်ရန် တွန်းအား ပေးလျက်ရှိသည်။