- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ယူကေတွင် ကိုဗစ်-၁၉ ဆိုင်ရာ ခရီးသွားလာခွင့် ကန့်သတ်ချက်များအားလုံး အီစတာပွဲတော်အကြို ရုပ်သိမ်းပေးမည်
ခရီးသွားလာမှုစိစစ်ရေး ဖောင်များ၊ ကာကွယ်ဆေး မထိုးထားသူများ ခရီးမသွားမီနှင့် ခရီးမှရောက်ပြီးနောက် ကိုဗစ် စစ်ဆေးခံရမှုများကဲ့သို့ ကျန်ရှိနေသေးသော ခရီးသွားလာခွင့်ဆိုင်ရာ ကိုဗစ်စည်းကမ်းများအားလုံးကို သောကြာနေ့တွင် ရုပ်သိမ်းမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက တနင်္လာနေ့တွင် ကြေညာသည်။
15 Mar 2022
DMG ၊ မတ်လ ၁၅ ရက်
ခရီးသွားလာမှုစိစစ်ရေး ဖောင်များ၊ ကာကွယ်ဆေး မထိုးထားသူများ ခရီးမသွားမီနှင့် ခရီးမှရောက်ပြီးနောက် ကိုဗစ် စစ်ဆေးခံရမှုများကဲ့သို့ ကျန်ရှိနေသေးသော ခရီးသွားလာခွင့်ဆိုင်ရာ ကိုဗစ်စည်းကမ်းများအားလုံးကို သောကြာနေ့တွင် ရုပ်သိမ်းမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက တနင်္လာနေ့တွင် ကြေညာသည်။
အီစတာပွဲတော်အကြို အားလပ်ရက်များအတွက် ယခုကဲ့သို့ စည်းကမ်းများ ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ရုပ်သိမ်းလိုက်သည့်အတွက် “ယခင်ကရှိခဲ့သည့် ပုံမှန်အခြေအနေများအတိုင်း” သွားလာခွင့်ရတော့မည်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ အတွင်းရေးမှူး ဂရန့်ရှက်ပ်က ပြောကြားသည်။
ခရီးသွားလာမှုစိစစ်ရေး ဖောင်စာရွက်များတွင် ခရီးသွားများသည် ယူကေတွင် နေထိုင်မည့် လိပ်စာနှင့် ကာကွယ်ဆေးထိုးနှံမှု အခြေအနေအပါအဝင် ခရီးစဉ်နှင့် ပတ်သက်သည့် အချက်အလက် အသေးစိတ်ကို ဖြည့်သွင်းပေးရသည်။
အစိုးရ၏ လုပ်ရပ်အား Virgin Atlantic နှင့် British Airways ကဲ့သို့ ယူကေလေကြောင်းလိုင်းများက ကြိုဆိုလိုက်သလို သူတို့အနေဖြင့်လည်း မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ရမည့် စည်းကမ်းသတ်မှတ်ချက်ကို အချို့သော ခရီးစဉ်များ၌ စတင်ဖြေလျှော့ပေးတော့မည်ဟု ပြောကြားသည်။
သို့သော်လည်း ယူကေရှိ အင်္ဂလန်၊ စကော့တလန်၊ ဝေလနှင့် မြောက်ပိုင်းအိုင်ယာလန် ဒေသအားလုံးတွင် ကိုဗစ်ကူးစက်မှုများသည် မြင့်တက်လျှက်ရှိပြီး ဇန်နဝါရီလကုန် နောက်ပိုင်း၌ အမြင့်ဆုံး အခြေအနေတွင် ရှိနေသည်။
တနင်္လာနေ့က အစိုးရ၏ ထုတ်ပြန်ချက်များအရ ပြီးခဲ့သော ခုနစ်ရက်တာအတွင်း ကိုဗစ်ကူးစက်မှု စုစုပေါင်းမှာ ၄ သိန်းခွဲခန့်ရှိခဲ့သည်။ ဤပမာဏသည် သူ့ရှေ့သီတင်းပတ်ထက် ၄၈ ရာခိုင်နှုန်းအထိ ကူးစက်မှု မြင့်တက်လာခြင်းလည်း ဖြစ်သည်။
ဓာတ်ပုံ - AP