- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
Apps ထောင်ပေါင်းများစွာကို ဖေ့စ်ဘုတ် ရပ်ဆိုင်း
ဖေ့စ်ဘုတ်ဟာ သူတို့ရဲ့ လူမှုကွန်ရက်ပလက်ဖောင်းပေါ်က Apps ထောင်ပေါင်းများစွာကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ၂၀၁၈ ခုနှစ် မတ်လက ဖြစ်ပွားခဲ့တဲ့ Cambridge Analytica အရေးနဲ့ ဆက်စပ်တဲ့ တုံ့ပြန်မှုတစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့...
23 Sep 2019
ဖေ့စ်ဘုတ်ဟာ သူတို့ရဲ့ လူမှုကွန်ရက်ပလက်ဖောင်းပေါ်က Apps ထောင်ပေါင်းများစွာကို ရပ်ဆိုင်းလိုက်ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ ၂၀၁၈ ခုနှစ် မတ်လက ဖြစ်ပွားခဲ့တဲ့ Cambridge Analytica အရေးနဲ့ ဆက်စပ်တဲ့ တုံ့ပြန်မှုတစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဖေ့စ်ဘုတ်က စက်တင်ဘာလ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
Apps တွေကို ရပ်ဆိုင်းလိုက်ပေမယ့် သုံးစွဲသူတွေအတွက် အန္တရာယ်ဖြစ်စေလို့ ရပ်လိုက်တဲ့သဘောမျိုးတော့ မဟုတ်ဘူးလို့ ဖေ့စ်ဘုတ်က ဆိုပါတယ်။
Apps တွေနဲ့ ဆက်စပ်နေတဲ့ Developer ၄၀၀ ခန့်ဟာ Facebook ရဲ့ အကြောင်းကြားစာတွေကို တုံ့ပြန်ခြင်းမရှိတာ၊ Apps အများစုက အလုပ်မလုပ်တော့တာ၊ စမ်းသပ်ဆဲအဆင့်မှာပဲ ကြန့်ကြာနေတာ စတဲ့အချက်တွေကြောင့် ရပ်ဆိုင်းလိုက်တာလို့ ဖေ့စ်ဘုတ်က ဆိုပါတယ်။
ဒီနှစ်အစောပိုင်းမှာ ဖေ့စ်ဘုတ်ကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေးကော်မရှင်ကို ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၅ ဘီလျံ ပေးဆောင်ဖို့ သဘောတူခဲ့ရပါတယ်။ ဖေ့စ်ဘုတ်ဟာ အသုံးပြုသူ ၈၇ သန်းရဲ့ အချက်အလက်တွေကို ဗြိတိန်အခြေစိုက် နိုင်ငံရေးအတိုင်ပင်ခံကုမ္ပဏီ Cambridge Analytica နဲ့ မျှဝေခဲ့တယ်ဆိုတာကို ဒီကော်မရှင်က စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။
အဲဒီအချိန်တည်းက ဖေ့စ်ဘုတ်ဟာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ပြင်ပက Developer တွေ ယူသုံးလို့မရအောင် လုံခြုံရေးကိုယခုထက်ပိုပြီး တိုးမြှင့်လုပ်ဆောင်မယ်လို့ သဘောတူခဲ့ပါတယ်။
ဖေ့စ်ဘုတ်ဟာ ၂၀၁၈ စက်တင်ဘာလတုန်းကလည်း လုံခြုံရေးကျိုးပေါက်ခဲ့ပြီး အသုံးပြုသူ အကောင့် သန်း ၅၀ ခန့် ဟက်ခံခဲ့ရပါတယ်။
ကမ္ဘာတစ်ဝန်း ဖေ့စ်ဘုတ်အသုံးပြုသူပေါင်း သန်းနှစ်ထောင်ကျော် ရှိတယ်လို့ ၂၀၁၉ ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ ဖေ့စ်ဘုတ်ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံမှာလည်း အင်တာနက်အသုံးပြုသူ ၁၈ သန်းရှိပြီး အဲဒီထဲမှာမှ ဖေ့စ်ဘုတ်အသုံးပြုသူ စုစုပေါင်း ၁၆ သန်းရှိတယ်လို့ ကမ္ဘာ့အင်တာနက် အသုံးပြုမှု စာရင်းမှာ ဖော်ပြထားပါတယ်။