- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
သတင်းတု၊ သတင်းမှားများကြောင့် ဟောင်ကောင်တွင် စိုးရိမ်ထိတ်လန့်မှု မြင့်တက်
လနှင့်ချီ၍ ဆန္ဒပြပွဲများဖြစ်ပွားလျက်ရှိပြီး ဆူပူအုံကြွမှုများနှင့် အဓိကရုဏ်းများဖြစ်ပွားလျက်ရှိသော ဟောင်ကောင်တွင် ဆိုရှယ်မီဒီယာသတင်းတု၊ သတင်းမှားများကြောင့် အခြေအနေပိုမိုရှုပ်ထွေးကာ စိုးရိမ်ထိတ်လန့်မှုများလည်း ပိုမိုမြင့်တက်...
21 Nov 2019
လနှင့်ချီ၍ ဆန္ဒပြပွဲများဖြစ်ပွားလျက်ရှိပြီး ဆူပူအုံကြွမှုများနှင့် အဓိကရုဏ်းများဖြစ်ပွားလျက်ရှိသော ဟောင်ကောင်တွင် ဆိုရှယ်မီဒီယာသတင်းတု၊ သတင်းမှားများကြောင့် အခြေအနေပိုမိုရှုပ်ထွေးကာ စိုးရိမ်ထိတ်လန့်မှုများလည်း ပိုမိုမြင့်တက်လျက်ရှိကြောင်း CNA သတင်းတွင်ဖော်ပြထားသည်။
တစ်ဝက်မှန်သတင်းများနှင့် အသေးစိတ်သေချာစွာ ပြုပြင်တည်းဖြတ်ထားသော ဗွီဒီယိုဖိုင်များ၊ လိုရာဆွဲဖော်ပြမှုများကို ဆန္ဒပြသမားများဘက်မှရော၊ အစိုးရထောက်ခံသူများကပါ ၎င်းတို့အလိုရှိရာ ဝါဒဖြန့်မှုများအတွက် အသုံးပြုလျက်ရှိသဖြင့် အချက်အလက်များကို စစ်ဆေးအတည်ပြုပြီးမှ ယုံကြည်တတ်သည့် ပြည်သူများအတွက်ပင် မြေပြင်အခြေအနေကို မှန်မှန်ကန်ကန်သိရှိနိုင်ရန် ခက်ခဲလျက်ရှိသည်။
"နှစ်ဖက်စလုံးက သတင်းတွေကိုရော၊ သတင်းဌာန ၂ ခုလောက်က ထုတ်ပြန်မှုတွေကိုပါ တိုက်ဆိုင်မစစ်ဆေးရသေးဘဲနဲ့တော့ ဘယ်သတင်းကိုမှ ယုံလို့မရပါဘူး" ဟု ဟောင်ကောင်သားတစ်ဦးဖြစ်သူ မိုက်ကယ်ဝူက သတင်းဌာနကို ပြောကြားသည်။
"နောက်ပိုင်းမှာ သတင်းမှန်ထွက်လာခဲ့ရင်တောင် လူတွေကသတင်းမှားကို ယုံကြည်မိပြီးသားဖြစ်တာကြောင့် အဲဒီအပေါ်မူတည်တဲ့ နောက်ဆက်တွဲ အယူအဆနဲ့ အကျိုးဆက်တွေက ဖြစ်လာတော့မှာပါပဲ" ဟုလည်း ဝူကပြောကြားသည်။
သတင်းမှားများသည် ဟောင်ကောင်တွင်နေထိုင်သူများကြားတွင် ထိတ်လန့်မှု၊ အမုန်းတရားနှင့် ရှုပ်ထွေးမှုများဖြစ်ပေါ်စေ လျက်ရှိကြောင်း ဟောင်ကောင်ရှိ လူအများကြားပျံ့နှံ့နေသည့် သတင်းမှားကို အချိန်နှင့်တပြေးညီ စောင့်ကြည့်ပြီး အမှန်အတိုင်းဖွင့်ချပေးလျက်ရှိသော Kauyim မီဒီယာက ပြောကြားသည်။
ယခုကဲ့သို့ သတင်းတု၊သတင်းမှားများ အားကောင်းနေခြင်းမှာ အာဏာပိုင်များ၏ အားနည်းချက်ကြောင့်ဖြစ်ကြောင့် ဆန္ဒပြသမားများက ပြောကြားသည်။
ဟောင်ကောင်အာဏာပိုင်များသည် ဆန္ဒပြသမားများကို ရဲများက သို့မဟုတ် လျှို့ဝှက်ဒုစရိုက်ဂိုဏ်းသားဟု ယူဆရသူများမှ တိုက်ခိုက်သည့်ဗွီဒီယိုတစ်ခုခု အွန်လိုင်းတွင် ထွက်ပေါ်လာပြီးနောက်တွင် ဥပဒေနှင့်အညီ တရားစွဲဆိုခြင်း၊ အရေးယူခြင်းများ လုပ်ဆောင်မှုမရှိသောကြောင့် အာဏာပိုင်များ၏ ထုတ်ပြန်ချက်များအပေါ်တွင် ပြည်သူများက ယုံကြည်မှုကျဆင်းလျက် ရှိခြင်းဖြစ်သည်။
ထိုကဲ့သို့ စနစ်တကျအရေးယူမှု၊ သတင်းထုတ်ပြန်မှုများမရှိခြင်းကြောင့် လူအများက ၎င်းတို့ထောက်ခံသည့်ဘက်မှ အမြင်နှင့်ကိုက်ညီသည့် သတင်းများကိုသာ ယုံကြည်ပြီး တဆင့်ပြန်လည် ဖြန့်ဝေကြခြင်းကြောင့် သတင်းမှားများ အားကောင်းနေခြင်းဖြစ်သည်ဟု ဆန္ဒပြသမားတစ်ဦးက ပြောကြားသည်။