- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဖိလစ်ပိုင်တွင် ခရစ္စမတ်နေ့မုန်တိုင်းအတွင်း အနည်းဆုံး ၁၃ ဦးခန့်သေဆုံး
တိုင်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံသို့ အင်္ဂါနေ့ ညပိုင်းတွင် စတင်ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၁၂၀ ကီလိုမီတာနှင့် လေပြင်းတိုက်ခတ်မှု တစ်နာရီလျှင် ၁၅၀ ကီလိုမီတာထိရှိခဲ့ကာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများဖြစ်ပေါ်စေခဲ့သည်။
27 Dec 2019

ဖိလစ်ပိုင်နိုင်ငံတွင် ခရစ္စမတ်နေ့၌ တိုက်ခတ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းတစ်ခုကြောင့် အနည်းဆုံး ၁၃ ဦးခန့်သေဆုံးခဲ့ရကြောင်း ဖိလစ်ပိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ကြာသာပတေးနေ့(ဒီဇင်ဘာ ၂၆ ရက်)တွင် ထုတ်ပြန်လိုက်ကြောင်း Reuters နှင့် အခြားနိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြထားသည်။
တိုင်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံသို့ အင်္ဂါနေ့ ညပိုင်းတွင် စတင်ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၁၂၀ ကီလိုမီတာနှင့် လေပြင်းတိုက်ခတ်မှု တစ်နာရီလျှင် ၁၅၀ ကီလိုမီတာထိရှိခဲ့ကာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများဖြစ်ပေါ်စေခဲ့သည်။
လူပေါင်း ၅၈၀၀၀ ကျော်ခန့်မှာ မုန်တိုင်းမတိုက်မီ ၎င်းတို့၏နေအိမ်များကို စွန့်ခွာပြီး အရေးပေါ်ရွှေ့ပြောင်းခဲ့ကြရသည်။
မုန်တိုင်းကြောင့် အိုးအိမ်အဆောက်အဦများ ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့ပြီး သင်္ဘောများရပ်ဆိုင်းမှုကြောင့် လူပေါင်း ၁၅၀၀၀၀ ကျော်မှ သင်္ဘောဆိပ်များတွင် သောင်တင်နေခဲ့ရပြီး လေယာဉ်ခရီးစဉ်များလည်း ဖျက်သိမ်းခဲ့ရသည်။
လူသေဆုံးမှုများဖြစ်ပွားခဲ့သည်မှာ နိုင်ငံအလယ်ပိုင်းရှိ ကာပိစ်၊ အီလွီလို နှင့် လီတေ ခရိုင်တို့တွင်ဖြစ်သည်။ သေဆုံးသူများထဲမှ ၁၃ နှစ်သားတစ်ဦးသည် ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးမှာ သစ်ကိုင်းတစ်ခုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကာ ကျန်သူများမှာမူ ယာဉ်မတော်မဆမှုများအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဖိလစ်ပိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ထုတ်ပြန်သည်။
တိုင်ဖွန်းမုန်တိုင်းသည် ဗုဒ္ဓဟူးနေ့တွင် ဖိလစ်ပိုင်နိုင်ငံထဲမှထွက်ခွာသွားပြီဖြစ်ပြီး တောင်တရုတ်ပင်လယ်မှ အနောက်ဘက်သို့ဦးတည်ရွေ့လျားလျက်ရှိသည်။
ဖိလစ်ပိုင်နိုင်ငံသို့ တစ်နှစ်လျှင် တိုင်ဖွန်းမုန်တိုင်း ၂၀ ခန့် ဝင်ရောက်လေ့ရှိပြီး မုန်တိုင်းများသည် ယခုနှစ်ပိုင်းများတွင် ပိုမိုအားကောင်းပြင်းထန်လာလျက်ရှိသည်ကို တွေ့ရသည်။