- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အဓိပ္ပာယ်နှစ်ခွ ထွက်စေသည့် ဟောင်ကောင် ဂျင်အရက် ဗြိတိန်တွင် အမည်ပြောင်းရန် ဖိအားပေးခံရ
ဟောင်ကောင်မှ ဂျင်အရက်တံဆိပ်တစ်ခု၏ အမည်သည် ဗြိတိန်အသံထွက်၌ ရိုင်းစိုင်းကြမ်းတမ်းသည့်သဘော သက်ရောက်နေသဖြင့် ဗြိတိသျှယမကာလုပ်ငန်း စောင့်ကြည့်ရေးအဖွဲ့က အမည်ပြောင်းရန် ဖိအားပေးလျက်ရှိကြောင်း South China Morning Post သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
19 Nov 2021

DMG ၊ နိုဝင်ဘာ ၁၉
ဟောင်ကောင်မှ ဂျင်အရက်တံဆိပ်တစ်ခု၏ အမည်သည် ဗြိတိန်အသံထွက်၌ ရိုင်းစိုင်းကြမ်းတမ်းသည့်သဘော သက်ရောက်နေသဖြင့် ဗြိတိသျှယမကာလုပ်ငန်း စောင့်ကြည့်ရေးအဖွဲ့က အမည်ပြောင်းရန် ဖိအားပေးလျက်ရှိကြောင်း South China Morning Post သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လိုင်စင်ရအရာရှိ အဖွဲ့ဝင်တစ်ဦးက တိုင်ကြားခဲ့ပြီးနောက် ဗြိတိန်အဖျော်ယမကာ ထုတ်လုပ်သူများအသင်း Portman Group က Fok Hing Gin ဂျင်အရက်တံဆိပ်အား စစ်ဆေးမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ထုတ်ကုန်၏အမည်သည် အများပြည်သူကို အံ့သြသွားစေရန်နှင့် ရိုင်းစိုင်းသောစကားအဖြစ် အသံထွက်စေရန် တမင်ရည်ရွယ်ထားခြင်း” ဖြစ်ကြောင်း တိုင်ကြားသူက ပြောကြားသည်။
Fok Hing Gin အရက်ကို Incognito Group လုပ်ငန်းစုမှ ထုတ်လုပ်ခြင်းဖြစ်သည်။ ကုမ္ပဏီ၏ ဆိုရှယ်မီဒီယာ စာမျက်နှာများ၌ “ဟောင်ကောင်ရှိ Fuk Hing လမ်းကို ဂုဏ်ပြုသည့်အနေဖြင့် ဂျင်အမည်ကို ယခုကဲ့သို့ မှည့်ခေါ်ထားခြင်း” ဖြစ်ကြောင်း ရှင်းပြထားသည်။
Portman Group ၏ ဝက်ဘ်ဆိုက်တွင်လည်း ဂျင်အမည်အား အနောက်တိုင်း ဘာသာစကားရှိ ရုန့်ရင်းသော အသုံးနှင့် ကွဲပြားစေရန်အတွက် Fuk ကို Fok ဟု အမည်ပြောင်းထားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
လတ်တလော၌ ဂျင်အမည်ကို ပြောင်းလဲရန် ပြင်ဆင်နေသည်ဟု ကုမ္ပဏီဘက် ပြောကြားကြောင်း သတင်းတွင် ဖော်ပြထားသည်။