- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အီဂျစ်၏ ကြားဝင်စေ့စပ်ပေးမှုအရ အစ္စလာမ်မစ်ဂျီဟတ် အင်အားစုနှင့် အစ္စရေးတို့အကြား အပစ်အခတ်ရပ်စဲ
ဂျီဟတ်အဖွဲ့ခေါင်းဆောင်များကို ပစ်မှတ်ထားသတ်ဖြတ်နေခြင်းကို ရပ်ဆိုင်းရန်နှင့် ဂါဇာကမ်းမြှောင်ဒေသကို ၁၂နှစ်ကြာ ပိတ်ဆို့ထားခြင်းအား ဖြေလျော့ရန်တို့အပါအဝင် လိုလားချက်များကို အစ္စရေးဘက်သို့ပို့ခဲ့ကြောင်း ဂျီဟတ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ မူဆက်အယ်ဘာရင်က ပြောကြားသည်။
15 Nov 2019

အီဂျစ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း၊ အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့က ထုတ်ပြန်လိုက်ကြောင်း Aljazeera သတင်းတွင်ဖော်ပြထားသည်။
၂ ရက်ကြာ ပစ်ခတ်မှုတိုက်ပွဲများဖြစ်ပွားကာ ပါလက်စတိုင်းဘက်မှ လူ ၃၂ ဦးသေဆုံးသွားခဲ့ပြီးနောက် ယခု အပစ်အခတ်ရပ်စဲမှုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ဂျီဟတ်အဖွဲ့ခေါင်းဆောင်များကို ပစ်မှတ်ထားသတ်ဖြတ်နေခြင်းကို ရပ်ဆိုင်းရန်နှင့် ဂါဇာကမ်းမြှောင်ဒေသကို ၁၂နှစ်ကြာ ပိတ်ဆို့ထားခြင်းအား ဖြေလျော့ရန်တို့အပါအဝင် လိုလားချက်များကို အစ္စရေးဘက်သို့ပို့ခဲ့ကြောင်း ဂျီဟတ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ မူဆက်အယ်ဘာရင်က ပြောကြားသည်။
အစ္စရေးဘက်သို့ ဒုံးကျည်များ အဆက်မပြတ် ပစ်ခတ်နေကြောင်း အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ထားသည်။
အစ္စရေးစစ်တပ်က အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့ ခေါင်းဆောင်တစ်ဦးကို လေကြောင်းတိုက်ခိုက်မှုမှတဆင့် သုတ်သင်ခဲ့ပြီးနောက် အဆိုပါအဖွဲ့က အစ္စရေးဘက်သို့ ခုနှစ်မိနစ်ခြားတစ်ခါ ဒုံးကျည်များ ပစ်ခတ်နေခဲ့ခြင်း ဖြစ်သည်။
အပစ်အခတ်ရပ်စဲသည်ဟု ဆိုသော်လည်း တည်ငြိမ်နေမှုသည် အခြေအနေအကောင်းကြီး မဟုတ်သေးကြောင်း နယ်စပ်အနီးရှိ သတင်းသမားများကဆိုသည်။
အစ္စရေးဗုံးကြဲတိုက်ခိုက်မှုများကြောင့် နေအိမ်များ၊ မွေးမြူရေးစိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ခဲ့ပြီးနောက်တွင် တိုက်ခိုက်မှုကို ၂ ရက်ကြာ ရပ်တန့်ထားရန် ကြားဝင်ဆောင်ရွက်နေကြောင်း အီဂျစ်ထိပ်တန်းအရာရှိ တစ်ဦးက AFP သတင်းဌာနကို အတည်ပြုထားသည်။
ဂါဇာကိုတိုက်နေသော ထိုးစစ်ကို ရပ်ထားပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်ပြောခွင့်ရအရာရှိ အဗီချေအဒရာရီက Twitter တွင် ရေးသားဖော်ပြပြီး အတည်ပြုထားသည်။
အပစ်အခတ်ရပ်စဲရေးရှိသော်လည်း ပါလက်စတိုင်းအင်အားစုဘက်မှ ပစ်ခတ်မှုလုံးဝရပ်မှသာ အစ္စရေး ဘက်ကလည်း ပစ်ခတ်မှုရပ်မည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးကက်ဇ်က ပြောကြားသည်။
“တိုင်းပြည်ကို မည်သူတိုက်ခိုက်လာပါစေ တုန့်ဆိုင်းမနေဘဲ ပြန်တိုက်သွားမည်” ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။