- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
ကိုလံဘီယာတွင် ပြောက်ကျားတပ်ဖွဲ့ဝင်ဟောင်း ဂူစတာဗိုပက်ထရိုအား ပထမဆုံးသော လက်ဝဲဝါဒီယိမ်း သမ္မတအဖြစ် ရွေးချယ်
ကြီးမားသော လူမှုရေးနှင့် စီးပွားရေး အပြောင်းအလဲများကို ကတိပြုခဲ့သည့် အမ်-၁၉ ပြောက်ကျားလှုပ်ရှားမှု၏ အဖွဲ့ဝင်ဟောင်း လက်ဝဲဝါဒီ ဂူစတာဗိုပက်ထရိုသည် ဇွန်လ (၁၉) ရက်နေ့ တနင်္ဂနွေနေ့တွင် ကိုလံဘီယာနိုင်ငံ၏သမ္မတရာထူးကို အနိုင်ရခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
22 Jun 2022

DMG ၊ ဇွန် ၂၂
ကြီးမားသော လူမှုရေးနှင့် စီးပွားရေး အပြောင်းအလဲများကို ကတိပြုခဲ့သည့် အမ်-၁၉ ပြောက်ကျားလှုပ်ရှားမှု၏ အဖွဲ့ဝင်ဟောင်း လက်ဝဲဝါဒီ ဂူစတာဗိုပက်ထရိုသည် ဇွန်လ (၁၉) ရက်နေ့ တနင်္ဂနွေနေ့တွင် ကိုလံဘီယာနိုင်ငံ၏သမ္မတရာထူးကို အနိုင်ရခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဂူစတာဗိုပက်ထရိုသည် မထင်မှတ်ဘဲ များပြားသော ထောက်ခံမဲ ကွာဟမှု ရ၁၆,၈၉ဝ ဖြင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီး ရိုဒိုဖိုဟာနန်ဒက်ဇ်ကို အနိုင်ရရှိခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးမှုများအား အတူတကွပြုလုပ်ခဲ့ကြသည်။
မြို့တော်ဘိုကိုတာ၏ မြို့တော်ဝန်ဟောင်းနှင့် လက်ရှိ အထက်လွှတ်တော်အမတ် ဂူစတာဗိုပက်ထရိုသည် အခမဲ့ တက္ကသိုလ်ပညာရေး၊ ပင်စင်ပြုပြင်ပြောင်းလဲမှုများနှင့် အကျိုးမဖြစ်ထွန်းသော မြေယာများ၏ မြင့်မားသောအခွန်အခများနှင့် ပတ်သက်၍ မညီမျှမှုများကို တိုက်ဖျက်သွားမည်ဟု ကတိပြုခဲ့သည်။ ဂူစတာဗိုပက်ထရိုသည် ၅ဝ.၅ ရာခိုင်နှုန်းဖြင့် ဟာနန်ဒက်ဇ်၏ ၄၇.၃ ရာခိုင်နှုန်းကို အနိုင်ရရှိခဲ့သည်။
ဂူစတာဗိုပက်ထရို၏ အဆိုပြုချက်များ အထူးသဖြင့် ရေနံပရောဂျက်အသစ်များကို တားမြစ်ပိတ်ပင်ခြင်းသည် လက်ရှိစာချုပ်များကို လေးစားမည်ဟု ဂူစတာဗိုပက်ထရိုက ကတိပြုခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူအချို့အား ထိတ်လန့်စေခဲ့သည်။
ဘိုကိုတာရှိ ဂူစတာဗိုပက်ထရို၏မဲဆွယ်ပွဲ အခမ်းအနား၌ ရလဒ်များ ပေါ်ထွက်လာချိန်တွင် ဘီးတပ်ကုလားထိုင် အသုံးပြုသည့် အသက် ၄ဝ အရွယ် ထောက်ခံသူ အလက်ဂျန်းဒရိုဖော်ရီရိုက ငိုကြွေးခဲ့သည်။
"နောက်ဆုံးတော့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ သူက သမ္မတကောင်းတစ်ယောက် ဖြစ်လာမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ခံစားခွင့်အနည်းဆုံးသူတွေကို သူကကူညီပေးပါလိမ့်မယ်။ ဒါက ပိုကောင်းဖို့အတွက် ပြောင်းလဲသွားမှာဖြစ်တယ်" ဟု အလုပ်လက်မဲ့ဖြစ်သူ အလက်ဂျန်းဒရိုဖော်ရီရိုက ပြောကြားခဲ့သည်။
ဤမဲဆွယ်မှုသည် ဂူစတာဗိုပက်ထရို၏ တတိယအကြိမ်မြောက်သမ္မတလောင်းအဖြစ် မဲဆွယ်ခြင်းဖြစ်ပြီး ၎င်း၏အောင်ပွဲကြောင့် ကိုလံဘီယာနိုင်ငံသည် မကြာသေးမီနှစ်များအတွင်း တိုးတက်မှုရှိလာခဲ့သော လက်တင်အမေရိကနိုင်ငံများ စာရင်းတွင် ပါဝင်လာပြီဖြစ်သည်။