- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
ကိုလံဘီယာမှာ ထောင်တွင်းအဓိကရုဏ်းဖြစ်စဉ် မီးလောင်မှုကြောင့် အကျဉ်းသား ၅၁ ဦး သေဆုံး
ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် ဇွန်လ ၂၈ ရက်နေ့က အဓိကရုဏ်းဖြစ်ပွားစဉ် မီးတင်ရှို့ရာမှ အကျဉ်းသား အနည်းဆုံး ၅၁ ဦးသေဆုံးပြီး နှစ်ဒါဇင်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
30 Jun 2022

DMG ၊ ဇွန် ၃၀
ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် ဇွန်လ ၂၈ ရက်နေ့က အဓိကရုဏ်းဖြစ်ပွားစဉ် မီးတင်ရှို့ရာမှ အကျဉ်းသား အနည်းဆုံး ၅၁ ဦးသေဆုံးပြီး နှစ်ဒါဇင်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တူလူအာမြို့ရှိ အကျဉ်းထောင်၌ ၂၈ ရက်နေ့ အာရုံ ၂ နာရီခန့်က အကျဉ်းသားများ အဓိကရုဏ်းဖြစ်ပွားချိန်၌ ရဲတပ်ဖွဲ့ဝင်များ ဝင်မလာနိုင်အောင် မီးရှို့ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“စိတ်မကောင်းစွာနဲ့ပဲ အကျဉ်းသား ၅၁ ဦးသေဆုံးပြီး နောက်ထပ် ၂၄ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်” ဟု တရားရေးဝန်ကြီး ဝီလဆင်ရူးက WRadio သတင်းဌာနသို့ ဖြေကြားသည်။
“အိပ်ရာခင်းတွေကို မီးတင်ရှို့ပြီး နောက်ဆက်တွဲ ဘာဖြစ်လာမလဲ မတွက်ခဲ့ကြတဲ့အတွက် အခုလို စိတ်မကောင်းစရာ ဖြစ်ခဲ့ရတာပါ” ဟု နိုင်ငံတော် အကျဉ်းထောင်များဆိုင်ရာဌာန ညွှန်ကြားရေးမှူး တီတို ကာစတယ်လာနိုက ပြောသည်။
အကျဉ်းထောင်မှ ထွက်ပြေးရန်ကြိုးပမ်းစဉ် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဟု ကနဦးတွင် အာဏာပိုင်များက ယူဆခဲ့သော်လည်း နောက်ပိုင်းတွင် ထောင်တွင်း အဓိကရုဏ်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မီးလောင်မှု ဖြစ်ပွားသည့် အဆောင်တွင် အကျဉ်းသားစုစုပေါင်း ၁၈၀ ရှိသည်။ ထောင်ဝန်ထမ်းများအနေဖြင့် မီးငြိမ်းသတ်ပြီး အကျဉ်းသားများကို ကယ်ထုတ်နိုင်ခဲ့သည်ကို တီတိုကာစတယ်လာက ချီးကျူးပြောကြားခဲ့သည်။
လက်တင်အမေရိကတွင် အကျဉ်းထောင် အဓိကရုဏ်များအတွင်း လူသေဆုံးမှုများသည် မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။ ကိုလံဘီယာ၏အိမ်နီးချင်း အီကွေဒေါနိုင်ငံတွင်လည်း ၂၀၂၁ ခုနှစ်အစောပိုင်းတည်းက ဖြစ်ပွားခဲ့သည့် အဓိကရုဏ်း ခြောက်ခုအတွင်း အကျဉ်းသား ၄၀၀ နီးပါး သေဆုံးခဲ့သည်။