- ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ
- စစ်တွေမြို့နယ်ရှိ စစ်ကောင်စီစခန်းကို AA တိုက်ခိုက်
- တရုတ်သမ္မတ ရှီကျင့်ဖျင် ၂၀၂၅ တွင် ရုရှားသို့ အလည်အပတ် ရောက်မည်ဟု ရုရှားသံအမတ်ပြော
- အမ်းရိုးမတောင်တန်းတွင် စစ်ကောင်စီ အင်အားဖြည့်နေ
- စစ်တွေတွင် စစ်ကောင်စီက ရေတပ်အင်အား တိုးချဲ့ချထား
ကိုလံဘီယာမှာ မိုင်းတွင်းပေါက်ကွဲမှုကြောင့် အလုပ်သမား ၁၄ ဦး ပိတ်မိနေ
ကိုလံဘီယာနိုင်ငံမြောက်ပိုင်းတွင် မေလ ၃၀ နေ့က ကျောက်မီးသွေးမိုင်းတွင်းတစ်ခု ပေါက်ကွဲခဲ့ပြီး အလုပ်သမား ၁၄ ဦးမှာ မြေအောက်တွင် ပိတ်မိနေဆဲဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
02 Jun 2022
DMG ၊ ဇွန် ၂
ကိုလံဘီယာနိုင်ငံမြောက်ပိုင်းတွင် မေလ ၃၀ နေ့က ကျောက်မီးသွေးမိုင်းတွင်းတစ်ခု ပေါက်ကွဲခဲ့ပြီး အလုပ်သမား ၁၄ ဦးမှာ မြေအောက်တွင် ပိတ်မိနေဆဲဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပေါက်ကွဲချိန်တွင် မြေပြင်၌ရှိနေသည့် မိုင်းတွင်းလုပ်သားတစ်ဦးမှာ ပေါက်ကွဲမှုကြောင့် တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း ဇူလီယာ မြို့တော်ဝန် မာနျူအယ်ပရာဒီလာက အင်္ဂါနေ့က ပြောကြားသည်။
ပေါက်ကွဲရသည့် အကြောင်းအရင်းကို မသိရသေးပေ။
မြေအောက်တွင်ပိတ်မိနေသည့် အလုပ်သမားများ၏ မိသားစုဝင်များသည် မိုင်းတွင်းအနီးတစ်ဝိုက်တွင် စောင့်ဆိုင်းနေကြပြီး ကယ်ဆယ်ရေးဝန်ထမ်းများသည်လည်း အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေလျက်ရှိကြောင်း သတင်းတွင်ဖော်ပြသည်။
ကျောက်မီးသွေးမိုင်းနှင့် ရေနံစိမ်းလုပ်ငန်းများသည် ကိုလံဘီယာ၏ အဓိက ပြည်ပပို့ကုန်များဖြစ်သည်။
လက်တင်အမေရိကတွင် စတုတ္ထမြောက် စီးပွားရေးအကြီးဆုံးနိုင်ငံ ကိုလံဘီယာ၌ ၂၀၂၁ ခုနှစ်တွင် မိုင်းတွင်းမတော်တဆမှုများကြောင့် သေဆုံးသူစုစုပေါင်း ၁၄၈ ဦးရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
ဆက်စပ်ဖတ်ရှုရန်
- ကိုလံဘီယာမှာ ထောင်တွင်းအဓိကရုဏ်းဖြစ်စဉ် မီးလောင်မှုကြောင့် အကျဉ်းသား ၅၁ ဦး သေဆုံး
- ကိုလံဘီယာတွင် ပြောက်ကျားတပ်ဖွဲ့ဝင်ဟောင်း ဂူစတာဗိုပက်ထရိုအား ပထမဆုံးသော လက်ဝဲဝါဒီယိမ်း သမ္မတအဖြစ် ရွေးချယ်
- ရဲတပ်ဖွဲ့၏ အကြမ်းဖက်အဓိကရုဏ်းဖြိုခွင်းမှုကြောင့် သေဆုံးသွားသူများအတွက် ကိုလံဘီယာအစိုးရ တောင်းပန်
- ကိုဗစ်လူနာကွယ်လွန်ရင် အခေါင်းအဖြစ်ပြောင်းသုံးလို့ရတဲ့ ခုတင်တွေ တီထွင်
မြန်မာ့ရေးရာ
မှောင်ခိုကုန်နဲ့ အသက်ဆက်နေရတဲ့ ရခိုင်ပြည်
By Admin 27 Dec 2024
ကာလဝမ်းရောဂါ ကာကွယ်ရေး ဆေးဝါးများ မြန်မာအတွက် ထိုင်းဘက်က ကူညီ
By Admin 25 Dec 2024
မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
By Admin 24 Dec 2024
ရိုဟင်ဂျာဘေးကင်းဇုန်ဆိုတာ သံတမန်ရေး ကစားကွက်လား
By Admin 21 Dec 2024
အကြီးအကျယ် ခြေလှမ်းမှားသွားနိုင်တဲ့ တရုတ်လုံခြုံရေး အစီအစဉ်
By Admin 17 Dec 2024
မြန်မာ့အရေး ဆွေးနွေးပွဲနှစ်ရပ် ယခုသီတင်းပတ်အတွင်း ထိုင်းမှာကျင်းပရန်ရှိ
By Admin 16 Dec 2024
ထိပ်တန်း သတင်းများ
-
ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ
-
စစ်တွေမြို့နယ်ရှိ စစ်ကောင်စီစခန်းကို AA တိုက်ခိုက်
-
အမ်းရိုးမတောင်တန်းတွင် စစ်ကောင်စီ အင်အားဖြည့်နေ
-
စစ်တွေတွင် စစ်ကောင်စီက ရေတပ်အင်အား တိုးချဲ့ချထား
-
ရခိုင်က စစ်ကောင်စီတပ်သားများ AA ထံ အညံ့ခံရန် နပခဒုတိုင်းမှူး သတိပေး
-
ဂွတပ်ရင်း ခမရ (၅၆၂) အတွင်းပိုင်းထိ AA ထိုးဖောက်ဝင်ရောက်