H10N3 ငှက်တုပ်ကွေးရောဂါ ကူးစက်ခံထားရသူတစ်ဦးအား တရုတ်တွင် ပထမဆုံး စစ်ဆေးတွေ့ရှိ
H10N3 ငှက်တုပ်ကွေးရောဂါ လူသားထံတွင် ကူးစက်ခံထားရသည်ကို ပထမဆုံး စစ်ဆေးတွေ့ရှိထားကြောင်း တရုတ်အာဏာပိုင်များက အင်္ဂါနေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။ သို့သော်လည်း ဤရောဂါပိုး လူအချင်းချင်း ကူးစက်နိုင်ခြေသည် မရှိသလောက် နည်းပါကြောင်း ကြေညာချက်တွင် ဖော်ပြသည်။
02 Jun 2021
DMG ၊ ဇွန် ၂
H10N3 ငှက်တုပ်ကွေးရောဂါ လူသားထံတွင် ကူးစက်ခံထားရသည်ကို ပထမဆုံး စစ်ဆေးတွေ့ရှိထားကြောင်း တရုတ်အာဏာပိုင်များက အင်္ဂါနေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။ သို့သော်လည်း ဤရောဂါပိုး လူအချင်းချင်း ကူးစက်နိုင်ခြေသည် မရှိသလောက် နည်းပါကြောင်း ကြေညာချက်တွင် ဖော်ပြသည်။
ဧပြီလ ၂၈ ရက်နေ့က တရုတ်ပြည့်အရှေ့ပိုင်း ကျန်ကျင်းမြို့တွင် အဖျားရောဂါဖြင့် ဆေးရုံတင်လာသည့် အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် H10N3 ငှက်တုပ်ကွေးရောဂါပိုးကို တစ်လအကြာ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု တရုတ်အမျိုးသားကျန်းမာရေး ကောင်မရှင် (NHC) က အွန်လိုင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၎င်းအမျိုးသားသည် လက်ရှိအချိန်တွင် ကျန်းမာရေး တည်ငြိမ်ပြီး သူနှင့် အနီးကပ် ထိတွေ့ဆက်ဆံခဲ့သည်များတွင်လည်း မူမမှန်သည့် အနေအထား တစ်စုံတစ်ရာ မတွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
H10N3 သည် ရောဂါဖြစ်ပွားစေနိုင်စွမ်း နိမ့်ပြီး ငှက်များတွင် သေဆုံးမှု သို့မဟုတ် ပြင်းထန်စွာဖျားနာမှု ဖြစ်နိုင်ခြေလည်း မရှိသလောက် နည်းသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တရုတ်ပြည်တွင် ငှက်တုပ်ကွေး အမျိုးအစား အပြားအများ တွေ့ရလေ့ရှိသော်လည်း လူအများထံတွင် ကပ်ဘေးအဖြစ် ကူးစက်ပျံ့နှံ့မှုသည် ဖြစ်လေ့ဖြစ်ထ နည်းသည်။
ဆက်စပ်ဖတ်ရှုရန်
- ဗီယက်နမ် တိရစ္ဆာန်ရုံများတွင် ကြက်ငှက်တုပ်ကွေးကြောင့် ကျားကောင်ရေ ၅၀ နီးပါး သေဆုံး
- ကမ္ဘောဒီးယားမှာ ၁၁ အရွယ် မိန်းကလေးတစ်ဦး ကြက်ငှက်တုပ်ကွေးဖြင့် သေဆုံးကြောင်း အစိုးရထုတ်ပြန်
- ကြက်ငှက်များတွင်သာ ဖြစ်ပွားလေ့ရှိသည့် H5N8 တုပ်ကွေး လူသားထံကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိ
- ငှက်တုပ်ကွေးအန္တရာယ်ကြောင့် ပြင်သစ်တွင် ဘဲကောင်ရေ သိန်းပေါင်းများစွာ သုတ်သင်
မြန်မာ့ရေးရာ
မှောင်ခိုကုန်နဲ့ အသက်ဆက်နေရတဲ့ ရခိုင်ပြည်
By Admin 27 Dec 2024
ကာလဝမ်းရောဂါ ကာကွယ်ရေး ဆေးဝါးများ မြန်မာအတွက် ထိုင်းဘက်က ကူညီ
By Admin 25 Dec 2024
မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
By Admin 24 Dec 2024
ရိုဟင်ဂျာဘေးကင်းဇုန်ဆိုတာ သံတမန်ရေး ကစားကွက်လား
By Admin 21 Dec 2024
အကြီးအကျယ် ခြေလှမ်းမှားသွားနိုင်တဲ့ တရုတ်လုံခြုံရေး အစီအစဉ်
By Admin 17 Dec 2024
မြန်မာ့အရေး ဆွေးနွေးပွဲနှစ်ရပ် ယခုသီတင်းပတ်အတွင်း ထိုင်းမှာကျင်းပရန်ရှိ
By Admin 16 Dec 2024
ထိပ်တန်း သတင်းများ
-
အမ်းရိုးမတောင်တန်းတွင် စစ်ကောင်စီ အင်အားဖြည့်နေ
-
စစ်တွေတွင် စစ်ကောင်စီက ရေတပ်အင်အား တိုးချဲ့ချထား
-
ရခိုင်က စစ်ကောင်စီတပ်သားများ AA ထံ အညံ့ခံရန် နပခဒုတိုင်းမှူး သတိပေး
-
ဂွတပ်ရင်း ခမရ (၅၆၂) အတွင်းပိုင်းထိ AA ထိုးဖောက်ဝင်ရောက်
-
ခရီးသည်ကားတစ်စီးကို ARSA ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ အများအပြားဒဏ်ရာရ
-
မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ