- ဖမ်းမိထားသည့် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သား အများအပြား သေဆုံးမှုများ ရှိနေကြောင်း ယူကရိန်းသမ္မတပြော
- ကျောက်ဖြူတွင် စစ်ဘေးရှောင် ၆,၀၀၀ ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
- ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ
- စစ်တွေမြို့နယ်ရှိ စစ်ကောင်စီစခန်းကို AA တိုက်ခိုက်
- တရုတ်သမ္မတ ရှီကျင့်ဖျင် ၂၀၂၅ တွင် ရုရှားသို့ အလည်အပတ် ရောက်မည်ဟု ရုရှားသံအမတ်ပြော
ကြက်ငှက်များတွင်သာ ဖြစ်ပွားလေ့ရှိသည့် H5N8 တုပ်ကွေး လူသားထံကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိ
ကြက်ငှက်များတွင်သာ ဖြစ်ပွားလေ့ရှိသည့် H5N8 တုပ်ကွေးအမျိုးအစားအား လူသားထံတွင် ကူးစက်နေသည်ကို ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံမှ ပညာရှင်များ တွေ့ရှိခဲ့ရကြောင်း စနေနေ့တွင် ပြောကြားလိုက်သည်။
23 Feb 2021
ကြက်ငှက်များတွင်သာ ဖြစ်ပွားလေ့ရှိသည့် H5N8 တုပ်ကွေးအမျိုးအစားအား လူသားထံတွင် ကူးစက်နေသည်ကို ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံမှ ပညာရှင်များ တွေ့ရှိခဲ့ရကြောင်း စနေနေ့တွင် ပြောကြားလိုက်သည်။
ယမန်နှစ်ဒီဇင်ဘာလက ရုရှားတောင်ပိုင်းတွင် ကြက်ငှက်များအကြား ဤတုပ်ကွေးရောဂါ အထူးပျံ့နှံ့နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် အဆိုပါဒေသရှိ အလုပ်သမား ခုနစ်ဦးသည် ထိုတုပ်ကွေးအမျိုးအစား ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကူးစက်ခံရသူများသည် နောက်ဆက်တွဲ ရောဂါလက္ခဏာ အလွန်အမင်း ပြင်းထန်မှု မရှိကြောင်း ရုရှားကျန်းမာရေး စောင့်ကြည့်ရေး အဖွဲ့ Rospotrebnadzor အကြီးအကဲ အန်နာပိုပိုဗာ က ပြောကြားသည်။
ယခုတွေ့ရှိရသော ကူးစက်မှုအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ထံသို့ အသိပေး ပေးပို့ထားသည်ဟုလည်း ပိုပိုဗာက ပြောသည်။ ရုရှား၏ အသိပေးမှုကို လက်ခံရရှိကြောင်း WHO အဖွဲ့က စနေနေ့တွင် အတည်ပြုသည်။ လူရှိ၌ အဆိုပါရောဂါကို လူအချင်းချင်း ကူးစက်မှုကို မတွေ့ရှိရသေးကြောင်းလည်း WHO က ထပ်လောင်းပြောကြားသည်။
ကြက်ငှက်တုပ်ကွေး ရောဂါ၌ ဗိုင်းရပ်စ်မျိုးကွဲ အများအပြားရှိသည်။ H5N8 အမျိုးအစား တုပ်ကွေးရောဂါသည် ကြက်ငှက်များကို သေစေနိုင်သည်အထိ ပြင်းထန်သော်လည်း လူသားများထံ ကူးစက်ခြင်းမျိုး ယခင်က မရှိခဲ့ပေ။ H5N1 ၊ H7N9 နှင့် H1N1 တို့သည် လူသားထံသို့ ကူးစက်နိုင်သည်။ H5N1 ကူးစက်ခံရလျှင် ပြင်းထန်အဖျားရောဂါ ဖြစ်ပွားနိုင်ပြီး သေဆုံးနိုင်ခြေ ၆၀ ရာခိုင်နှုန်းရှိသည်။
ဤရောဂါများသည် အများအားဖြင့် တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့မှု သို့မဟုတ် မွေးမြူရာနေရာများနှင့် ထိတွေ့မှုများမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ပြီး လူလူချင်းကူးစက်မှု မတွေ့ရသေးကြောင်း WHO အဖွဲ့၏ ပြောကြားချက်အရ သိရသည်။