ဟေတီတွင် မိုးကြီးပြီး မြစ်ရေလျှံမှုကြောင့် နေအိမ်ထောင်ပေါင်းများစွာ ရေလွှမ်းမိုး

ဟေတီနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်၍ နေအိမ်ထောင်ပေါင်းများစွာ ရေနစ်မြုပ်ခဲ့ကာ မိသားစုပေါင်း ၂၅၀၀ ကျော် နေအိမ်စွန့်စွာ တိမ်းရှောင်ခဲ့ရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

02 Feb 2022

ဓာတ်ပုံ - Reuters

DMG ၊ ဖေဖော်ဝါရီ ၂

ဟေတီနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်၍ နေအိမ်ထောင်ပေါင်းများစွာ ရေနစ်မြုပ်ခဲ့ကာ မိသားစုပေါင်း ၂၅၀၀ ကျော် နေအိမ်စွန့်စွာ တိမ်းရှောင်ခဲ့ရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကယ်ဆယ်ရေးအဖွဲ့များသည် ဘေးအန ရာယ်ရှိနေသော နေရာများမှ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ပြည်သူ့ကယ်ဆယ်ရေး အာဏာပိုင်များက တနင်္လာနေ့က ပြောကြားသည်။

၃၆ နာရီကြာ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် အထူးသဖြင့် ကာရေးဘီးယန်းနိုင်ငံတောင်ပိုင်း ကတ်ဟေတီရန်မြို့၏ သမိုင်းဝင်အချက်အချာ နေရာသည် ရေများဖြင့် ပြည့်လျှံလျက်ရှိပြီး လေပြင်းထန်စွာတိုက်ခတ်မှုက သစ်ပင်များပြိုလဲစေသည်ဟု အစိုးရက ပြောသည်။

“ရေကြီးမှုဖြစ်နိုင်သော နေရာများနှင့် လေတိုက်ခတ်မှုကို ခံရနိုင်သည့်နေရာများတွင် နေထိုင်သူများအနေဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်ရန်အတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်သည်” ဟုအစိုးရ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ရေးသားသည်။

“အရေးကြီးဆုံးမှာ မည်သည့်အခြေအနေတွင်မှ ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိနေသောမြစ်များကို ဖြတ်ကူးခြင်းမပြုရန်” ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

ပြီးခဲ့သော သီတင်းပတ်က ဖြစ်ပွားခဲ့သော ငလျင်၏ ဗဟိုချက်အနီး ရှိခဲ့သည့် အန်ဆဲအဗီယူမြို့သည်လည်း ရေကြီးမှုကို ခံစားရလျက်ရှိသည်ဟု အစိုးရက ပြောကြားသည်။

ပုံမှန်အားဖြင့် ခိုင်ခံ့မှုမရှိသော အိမ်ရာအဆောက်အအုံများအပြင် ရေကြီးမှုဖြစ်ပွားလေ့ရှိသော နေရာများရှိ အိမ်ရာအဆောက်အအုံများသည်လည်း ခိုင်ခံ့မှု လျော့နည်းလျက်ရှိခြင်း အပြင် လူဦးရေထူထပ်မှုကြောင့် ဟေတီမြို့သည် သဘာဝဘေးအန္တရာယ်များကျရောက်မှု ဖြစ်ပွားလေ့ရှိသည်။

ဟေတီတွင် ၂၀၁၀ ခုနှစ် ကြီးမားသောငလျင်ကြောင့် လူပေါင်း ၃၀၀,၀၀၀ ခန့်သေဆုံးခဲ့ရပြီး နိုင်ငံတောင်ပိုင်း ကျွန်းဆွယ်ဒေသ၌ ပြီးခဲ့သောနှစ်က ဖြစ်ပွားခဲ့သော ငလျင်ကြောင့် လူပေါင်း ၂၀၀၀ ထပ်မံ သေဆုံးခဲ့ရသည်။