- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဟေတီတွင် ဆီသယ်ယာဉ်ပေါက်ကွဲမှုကြောင့် ၆၂ ဦး သေဆုံး
ဟေတီနိုင်ငံတွင် အင်္ဂါနေ့က လောင်စာဆီများ သယ်ဆောင်လာသော ထရပ်ကားတစ်စီး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၆၂ ဦး သေဆုံးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
16 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၆
ဟေတီနိုင်ငံတွင် အင်္ဂါနေ့က လောင်စာဆီများ သယ်ဆောင်လာသော ထရပ်ကားတစ်စီး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၆၂ ဦး သေဆုံးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဟေတီနိုင်ငံ၏ ဒုတိယမြို့တော် ကက်ပ်ဟေတီယံ၌ အင်္ဂါနေ့က ဆီများသယ်ဆောင်လာသော အဆိုပါယာဉ်သည် မော်တော်ဆိုင်ကယ်ကယ်ရီ တစ်စီးကို ရှောင်တိမ်းစဉ် တိမ်းမှောက်သွားခြင်းဖြစ်သည်။
“ကားမှောက်တော့ လူတွေက ဖိတ်ကျနေတဲ့ ဆီတွေကို သယ်ဖို့ ဝိုင်းအုံလာကြတာ။ အဲဒီမှာ ပေါက်ကွဲမှုကြီးဖြစ်ပြီး အများအပြားသေပြီး အကြီးစားပျက်စီးမှုတွေ ဖြစ်သွားတယ်” ဟေတီ အရပ်ဘက်ကာကွယ်ရေး ညွှန်ကြားရေးမှူး ဂျယ်ရီချန်ဒလာက အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။
“လတ်တလောမှာ သေဆုံးသူ ၆၂ ဦးအထိ အတည်ပြုထားပါတယ်” ဟု ဒုတိယမြို့တော်ဝန် ပက်ထရစ် အယ်လ်မိုနာက ပြောကြားသည်။ အနီးအနားရှိ အဆောက်အအုံများမှ ဒဏ်ရာရရှိသူများကို ပါ ရှာဖွေနေဆဲဖြစ်ကြောင်း သူက ပြောသည်။
မတော်တဆမှုဖြစ်ပွားရာ နေရာတစ်ဝိုက်မှ နေအိမ်အလုံး ၄၀ ခန့်လည်း ပျက်စီးမှုရှိသော်လည်း အဆိုပါနေအိမ်များအတွင်း ရှိနေသူများ၏ အခြေအနေကိုမူ အသေးစိတ် မသိရပေ။
မြန်မာ့ရေးရာ

မွတ်ဆလင်ဒုက္ခသည်များ ပြန်လည်လက်ခံရန် နောက်ထပ် အမည်ငါးသိန်းခွဲ စစ်ကောင်စီ စိစစ်မည်
By Admin 09 Apr 2025

ငလျင်ဒဏ်အကူအညီအတွက် မြန်မာသို့ရောက်နေသည့် USAID အဖွဲ့ဝင် သုံးဦးလုံး အလုပ်ဖြုတ်ခံရ
By Admin 07 Apr 2025

တစ်ကမ္ဘာလုံးကို အကူအညီ ပေးမနေနိုင်တော့ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော
By Admin 05 Apr 2025

မြန်မာ့ငလျင်အတွက် အမေရိကန် ပျက်ကွက်ချိန်မှာ တရုတ်က ခြေလှမ်းသာသွားခဲ့ပြီ
By Admin 05 Apr 2025
ထိပ်တန်း သတင်းများ
-
ရခိုင်မြို့နယ်အချို့တွင် ငွေကျပ် ၅၀ တန်ကနေ ၂၀၀ တန်ထိ ငွေစက္ကူများ အသုံးမဝင်ဖြစ်နေ၍ ပြည်သူများ အခက်တွေ့
-
စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
-
ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
-
ဌာနဆိုင်ရာဝန်ထမ်း အိမ်ထောင်သည်များကို ULA က ငွေကြေး ထောက်ပံ့ပေးမည်
-
သံတွဲ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်နေ
-
ညောင်းကျိုးကို AA သိမ်းပြီးနောက် ဆင်လန်ရွာတွင် စစ်ကောင်စီ ခံစစ်ပြင်
ဆောင်းပါး
အင်တာဗျူး

"ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
By Admin 11 Apr 2025

“စီးပွားရေး လည်ပတ်နိုင်ဖို့ AA ရော၊ ကုန်သည်တွေရော အားလုံး ကြိုးစားလုပ်ဆောင်နေပါတယ်”
By Admin 25 Mar 2025