- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဟောင်ကောင်လူထုအတွက် ယူကေ၏ အထူးဗီဇာအစီအစဉ် တနင်္ဂနွေနေ့တွင် စတင်မည်
ဟောင်ကောင်တွင် နေထိုင်ပြီး ဗြိတိန်နိုင်ငံသား (ပြည်ပ) လက်မှတ်ကိုင်ဆောင်ထားသူများနှင့် ၎င်းတို့၏ အနီးကပ်မိသားစုဝင်များသည် လာမည့် တနင်္ဂနွေနေ့မှ စတင်၍ ယူကေဗီဇာအား စမတ်ဖုန်း အက်ပလီကေးရှင်းဖြင့် လျှောက်ထားနိုင်တော့မည် ဖြစ်သည်။
29 Jan 2021
ဟောင်ကောင်တွင် နေထိုင်ပြီး ဗြိတိန်နိုင်ငံသား (ပြည်ပ) လက်မှတ်ကိုင်ဆောင်ထားသူများနှင့် ၎င်းတို့၏ အနီးကပ်မိသားစုဝင်များသည် လာမည့် တနင်္ဂနွေနေ့မှ စတင်၍ ယူကေဗီဇာအား စမတ်ဖုန်း အက်ပလီကေးရှင်းဖြင့် လျှောက်ထားနိုင်တော့မည် ဖြစ်သည်။
ယခင်ဗြိတိသျှကိုလိုနီ နယ်မြေဟောင်းနှင့် ယူကေတို့အကြားက လေးနက်သည့် ဆက်စပ်ပတ်သက်မှုကို ယခုအစီအစဉ်ဖြင့် ဂုဏ်ပြုလိုက်ခြင်းဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားသည်။
ဗြိတိန်သည် တရုတ်က ဟောင်ကောင်တွင် လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းပြီးနောက် ဟောင်ကောင်လူထုအတွက် အထူးဗီဇာအား ၂၀၂၀ ဇူလိုင်လတွင် ကြေညာခဲ့သည်။
ဗီဇာလျှောက်ထားပြီး အောင်မြင်သူများသည် ယူကေတွင် ငါးနှစ်ကြာနေထိုင်ပြီးနောက် အခြေချနေထိုင်ခွင့် ရမည်ဖြစ်ကာ နောက်ထပ် ၁၂ လ အကြာတွင် ဗြိတိန်နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရမည် ဖြစ်သည်။
လက်ရှိ၌ ယူကေဗီဇာ လျှောက်ထားခွင့်ပြည့်မီသူ ဟောင်ကောင်လူဦးရေ ၁.၉ မီလျံရှိပြီး ဆက်စပ်မိသားစုဝင် ၂.၃ မီလျံ ရှိမည်ဟု ခန့်မှန်းရသည်။ ယူကေအစိုးရက ခွင့်ပြုလိုက်သည့် ဗီဇာလျှောက်ထားမှု ပုံစံသစ်ဖြင့် ဟောင်ကောင်မှ ဗြိတိန်သို့ လာရောက်မည့်သူ ၃ သိန်းခန့် ရှိနိုင်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တရုတ်အစိုးရကမူ တရုတ်၏ပြည်တွင်းရေးကို ဝင်မစွက်ရန် ယူကေအား ယခင်တည်းက သတိပေးထားသည်။ ဗြိတိန်က စီစဉ်ထားသည့် နိုင်ငံသားဖြစ်ခွင့် သည် နိုင်ငံတကာဥပဒေအား ချိုးဖောက်ကာ တရုတ်၏ပြည်တွင်းရေးကို စွက်ဖက်နေခြင်း ဖြစ်ကြောင်းလည်း ပြောကြားထားသည်။
နောက်ဆက်တွဲ သတင်းတစ်ရပ်အရ ဗြိတိန်၏ ပြည်ပနိုင်ငံသား ပတ်စပို့အား လွတ်လပ်စွာသွားလာခွင့်ရှိသည့် ထောက်ခံစာအဖြစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်၍ တရုတ်အစိုးရဘက်က အသိအမှတ်ပြုတော့မည် မဟုတ်ကြောင်း သောကြာနေ့တွင် ပြောကြားလိုက်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ရှောင်လိကျန်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။