- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို သေဒဏ်ပေးကွပ်မျက်မည့် ကိစ္စအား ပြန်စဉ်းစားရန် အာဆီယံဥက္ကဌတောင်းဆို
၈၈မျိုး ဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီ၊ ကိုဇေယျာသော် အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ အားစစ်ကောင်စီက သေဒဏ်ချမှတ်ပြီး ကွက်မျက်ရန် ကြိုးပမ်းနေမှုအပေါ် ပြန်လည်စဉ်းစား သုံးသပ်ရ န်အေ လး အနက်တိုက်တွန်းကြောင်း အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်သူ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်က တောင်းဆိုလိုက်သည်။
11 Jun 2022
DMG ၊ ဇွန် ၁၁
၈၈မျိုး ဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီ၊ ကိုဇေယျာသော် အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ အားစစ်ကောင်စီက သေဒဏ်ချမှတ်ပြီး ကွက်မျက်ရန် ကြိုးပမ်းနေမှုအပေါ် ပြန်လည်စဉ်းစား သုံးသပ်ရ န်အေ လး အနက်တိုက်တွန်းကြောင်း အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်သူ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်က တောင်းဆိုလိုက်သည်။
အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို စစ်ကောင်စီအနေဖြင့် သေဒဏ်ချ ကွပ်မျက်ရန် စီစဉ်နေသည်မှာ အာဆီယံအဖွဲ့ ဝင်နိုင်ငံများကြား စိုးရိမ်ပူပန်မှုပိုမိုဖြစ်ပေါ်စေကြောင်း ဟွန်ဆန်က ယမန်နေ့ (ဇွန် ၁၀) ရက်က စာပေးပို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။
အဆိုပါ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အပေါ် အမှန်တကယ်ကွက်မျက်ခဲ့ပါက နိုင်ငံတကာ အသိုက်အဝန်း၏ ပြင်းထန်သည့် အဆိုးမြင် တုံ့ပြန်မှုများကို ဖြစ်ပေါ်စေနိုင်ပြီး မြန်မာနိုင်ငံအား ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန်နှင့် လက်ရှိ အကျပ်အတည်းအတွက် ငြိမ်းချမ်းသောအဖြေကို ရှာဖွေနိုင်ရန် အာဆီယံနှင့် ကမ္ဘောဒီးယား၏ ကြိုးပမ်းအားထုတ်မှုများကို ဆိုးရွားစွာ အကျိုး သက်ရောက်စေမည်ဖြစ်ကြောင်းလည်း တောင်းဆိုစာတွင် ပါရှိသည်။
“ ဒီကွပ်မျက်ရေး အစီအစဉ်ကို အမှန်တကယ် ဆောင်ရွက်ခဲ့မယ်ဆိုရင် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ပြင်း ထန်ပြီး ကျယ်ပြန့်တဲ့ အဆိုးမြင် တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေမယ်လို့ ကမ္ဘောဒီးယားက ယုံကြည်နေပါတယ် ” ဟု ဟွန်ဆန်က ဆိုသည်။
ထို့အပြင်မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိအောင် ကူညီဆောင်ရွက်ပေး လိုစိတ်ဖြင့် နိုင်ငံရေးအရ ဆန့်ကျင်သူများအား သေဒဏ်ပေးသည့် ပြစ်ဒဏ်များကို ပြန်လည်စဉ်းစားပေးရန် လေးအနက် တောင်းဆိုပြီး မေတ္တာရပ်ခံချက်ကို ဆင်ခြင်သုံးသပ်နိုင်လိမ့်မည်ဟုလည်း ဟွန်ဆင်က မျှော်လင့်ထားကြောင်း အဆိုပါ စာတွင် တွေ့ရသည်။
ထိုသို့ ဟွန်ဆန် တောင်းဆိုထားမှုအပေါ်တွင် နိုင်ငံတကာ ဖိအားပေးမှုများ စစ်ကောင်စီ အပေါ် ပိုမိုမကျရောက်စေရန်အတွက် ကာကွယ်ပေးနေခြင်း တခုဟုလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့က ထင်မြင်မှုတို့ ရှိနေသည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုရဲ “ အာဆီယံ ဥက္ကဌက စစ်ကောင်စီဥက္ကဌထံကိုတောင်းဆိုတာကတော့ တကယ်တမ်း မှာ နိုင်ငံတကာဖိအားကို ထပ်ပြီး မကျရောက်အောင်က ကာကွယ်ပေး လိုက်တာ ဖြစ်ပါတယ်။ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို သေဒဏ်ပေးတယ်။ ပြီးရင်မကြာခင်ကွက်မျက်မယ်လို့ေ ကြငြာတယ်။ အဲတာက နိုင်ငံတကာကို လှည့်စား လိုက်တာပါ။ အဲဒီအတွက် ဟွန်ဆန် အနေနဲ့ စစ်ကောင်စီ ဥက္ကဌ ကို အချင်းချင်းထိန်းပေးလိုက်တာပါ။ အဲဒီထက်မပိုပါဘူး ” ဟု သုံးသပ် ပြောဆိုသည်။
နိုင်ငံရေး တက်ကြွလှုပ်ရှားမှုကြောင့် သေဒဏ်ချမှတ်ခံထားရတဲ့သူများကို ကြိုးပေးရန်အ တွက်ကြိုးစား လုပ်ဆောင်မှုအပေါ် ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးနှင့်အမေရိကန် သံရုံး တို့မှ စစ်တပ်မှအာဏာသိမ်းလှုပ်ရှားမှုနှင့်သေဒဏ်အတည်ပြု ချမှတ်မှုအပေါ် ဆန့်ကျင် ကြောင်းနှင့်ဆက်စပ် ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန်ပြီးခဲ့သည့် ဇွန်လပထမအပတ်အတွင်း၌တောင်းဆိုထားမှုရှိခဲ့သည်။
စစ်အာဏာသိမ်းယူခဲ့သည့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ (၁)ရက်မှ ယခုနှစ်၂၀၂၂ မေလကုန်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားမှုကြောင့် သေဒဏ်နှင့် ထောင်ဒဏ် တသက်တကျွန်းကျခံရသူ အရေအတွက် (၂၀၉) ဦး အထိရှိကြောင်းပြီးခဲ့သည့် ဇွန်လ ရ ရက် မြန်မာ့ မဟာဗျုဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar) မှထုတ်ပြန်သည်။
ထိုအထဲတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားမှုကြောင့် သေဒဏ်ချမှတ်ခံရသူ လေးဦးဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုဂျင်မီ (ခ) ဦးကျော်မင်းယုနှင့် NLD လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော် တို့ကို ကွပ်မျက်ရန် စီစဉ်နေကြောင်း ဇွန်လ (၁) ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။
အဆိုပါ ၂၀၉ ဦးတို့တွင် ဖမ်းဆီးခံရပြီး သေဒဏ်ချမှတ်ခံရသူနှင့် ဝရမ်းထုတ်ခံရပြီး သေဒဏ်ချမှတ်ခံရသူ ၁၁၇ ဦး၊ ဖမ်းဆီးခံရပြီး သေဒဏ်နှင့် ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရသူ ၆ ဦးနှင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရသူ ၈၆ ဦးတို့ ပါဝင်ကြောင်းလည်း ISP-Myanmar ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။