- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်တွင် ပြင်းထန်အပူဒဏ်ကြောင့် သေဆုံးသူ ၂၅ ဦးထက်မနည်း ရှိလာ
အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရဋ္ဌပြည်နယ်တွင် အပူဒဏ်ပြင်းထန်မှုကြောင့် သေဆုံးသူအရေအတွက်သည် မတ်လ နှောင်းပိုင်းမှ လက်ရှိအထိ ၂၅ ဦး ရှိနေပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
05 May 2022

DMG ၊ မေ ၅
အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရဋ္ဌပြည်နယ်တွင် အပူဒဏ်ပြင်းထန်မှုကြောင့် သေဆုံးသူအရေအတွက်သည် မတ်လ နှောင်းပိုင်းမှ လက်ရှိအထိ ၂၅ ဦး ရှိနေပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်း နေရာအနှံ့အပြားတွင် အပူဒဏ် ၄၀ ဒီဂရီ ဆဲစီးယပ်ကျော် မြင့်တက်နေသည့် အိန္ဒိယနိုင်ငံတွင် အခြားပြည်နယ်များ၌လည်း သေဆုံးမှုများ ရှိနိုင်သေးကြောင်း သတင်းတွင် ဖော်ပြထားသည်။
ပညာရှင်များက ယခုနှစ် နွေရာသီ အပူဒဏ်ပြင်းထန်မှုကို ဥတုရာသီ အပြောင်းအလဲနှင့် ဆက်စပ်၍ သတိပေးလျက်ရှိပြီး အိန္ဒိယရှိ ပြည်သူ သန်းတစ်ထောင်ကျော်နှင့် ပါကစ္စတန်နိုင်ငံရှိ ပြည်သူများသည် ပြင်းထန်အပူဒဏ်ကို အထူးရင်ဆိုင်ရမည်ဟု သတိပေးထားသည်။
မဟာရဋ္ဌပြည်နယ်ရှိ သေဆုံးမှုအများစုမှာ ကျေးလက်တောနယ်များမှ ပြည်သူများဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် ရာစုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံး မတ်လအပူချိန်ကို ပြီးခဲ့သည့်လတွင် ရင်ဆိုင်ခဲ့ရပြီး အပူဒဏ်သည် ၃၃.၁ ဒီဂရီဆဲစီးယပ်အထိ မြင့်တက်ခဲ့သည်။ လာမည့်ရက်များအတွင်း ၄၆ ဒီဂရီဆဲစီးယပ်အထိ မြင့်တက်ဦးမည်ဟု ခန့်မှန်းရသည်။
လတ်တလောတွင် အိန္ဒိယရှိ နေရာအချို့၌ မကြာခဏဆိုသလို လျှပ်စစ်မီး ပြတ်တောက်လျက်ရှိပြီး ကုမ္ပဏီအများအပြားသည် ကျောက်မီးသွေး ပြတ်လပ်မှုကို ရင်ဆိုင်နေရသဖြင့် အစိုးရသည် ကျောက်မီးသွေး ပြည်တွင်းတင်သွင်းမှု တိုးမြှင့်ရန် စီစဉ်လျက်ရှိသည်။
နိုင်ငံအရှေ့ပိုင်း သြဒိသျှပြည်နယ်တွင် အပူဒဏ်ကြောင့် ဧပြီလ ၂၅ ရက်နေ့က အသက် ၆၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သလို လူရာပေါင်းများစွာလည်း ဆေးဝါးကုသမှုခံယူခဲ့ရသည်။