- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
- ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေ ICC ဝရမ်းဖြင့် အဖမ်းခံရ
- ကျောက်ဖြူ၊ ကပ်သပြေရွာကို စစ်ကောင်စီ ဗုံးကြဲ၍ နေအိမ်များ မီးလောင်
အိန္ဒိယအကြီးဆုံး ရဟတ်ယာဉ်ထုတ်လုပ်ရေးစက်ရုံ ကာနာတာကာပြည်နယ်တွင် ဖွင့်လှစ်
ဟိမဝန္တာကဲ့သို့ ကုန်းမြင့်ဧရိယာများတွင် အသုံးပြုရန် ဒီဇိုင်းထုတ်ထားသည့် ပြည်တွင်းထုတ် တိုက်ခိုက်ရေးရဟတ်ယာဉ်များအား ပြီးခဲ့သောလအနည်းငယ်ကမှ ထုတ်ဖော်ပြသခဲ့ပြီးနောက်တွင် ယခုကဲ့သို့ စက်ရုံအသစ်ကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။
08 Feb 2023
အိန္ဒိယသည် ၎င်း၏ အကြီးဆုံးရဟတ်ယာဉ် ထုတ်လုပ်ရေးစက်ရုံတစ်ခုအား နိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်တွင် ဖွင့်လှစ်လိုက်ကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကြေညာလိုက်သည်။
ဟိမဝန္တာကဲ့သို့ ကုန်းမြင့်ဧရိယာများတွင် အသုံးပြုရန် ဒီဇိုင်းထုတ်ထားသည့် ပြည်တွင်းထုတ် တိုက်ခိုက်ရေးရဟတ်ယာဉ်များအား ပြီးခဲ့သောလအနည်းငယ်ကမှ ထုတ်ဖော်ပြသခဲ့ပြီးနောက်တွင် ယခုကဲ့သို့ စက်ရုံအသစ်ကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။
ယခုစက်ရုံမှ တစ်နှစ်လျှင် ရဟတ်ယာဉ်အစင်းပေါင်း အနည်းဆုံး တစ်ထောင်ခန့် ထုတ်လုပ်နိုင်မည် ဖြစ်သည်။
နိုင်ငံမြောက်ပိုင်း နယ်စပ်တွင် တရုတ်နှင့် နယ်မြေအရေး အငြင်းပွားမှုများ ရှိနေသည့် အိန္ဒိယသည် ယခုနှစ်အတွက် ၎င်း၏ ကာကွယ်ရေးအသုံးစရိတ်ကိုလည်း နှစ်ဆတိုးမြှင့်လိုက်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် ကြေညာခဲ့သည်။
ယခုဖွင့်လှစ်လိုက်သည့် ရဟတ်ယာဉ်စက်ရုံသစ်သည် “အိန္ဒိယ၏ ကာကွယ်ရေးလိုအပ်ချက်များအတွက် ပြည်ပနိုင်ငံများအပေါ် မှီခိုရမှုကို ဖြည်းဖြည်းချင်းလျှော့ချလိုသည့် မိမိတို့အစိုးရ၏ ရည်မှန်းချက်” ကို ဖြည့်ဆည်းပေးခြင်း ဖြစ်သည်ဟု ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက စက်ရုံသစ်ဖွင့်လှစ်ပွဲတွင် ပြောကြားသည်။
အိန္ဒိယသည် ကမ္ဘာ့ လက်နက်တင်သွင်းမှုအများဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။ လက်နက်များကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်အောင် အရှိန်မြှင့်ဆောင်ရွက်ခြင်းများ မကြာသေးမီကာလအတွင်း အများအပြားရှိလာသော်လည်း အိန္ဒိယသည် ရုရှားထံမှ လက်နက်များ အကြီးအကျယ် ဝယ်ယူနေဆဲဖြစ်သည်။ ရုရှားသည် အိန္ဒိယကို လက်နက်ရောင်းချပေးနေသည့် အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံး နိုင်ငံဖြစ်သည်။