- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အင်ဒိုနီးရှား ဆီနာဘန်းမီးတောင်မှ ပြာပူများ ၇ ကီလိုမီတာ အမြင့်အထိ မှုတ်ထုတ်
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားမြောက်ပိုင်း ခရိုင်ရှိ ဆီနာဘန်းမီးတောင်သည် အင်္ဂါနေ့တွင် မီးခိုးများနှင့် ပြာပူများအား ၇ ကီလိုမီတာ အမြင့်အထိ မှုတ်ထုတ်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ အရာရှိများ၏ ပြောကြားချက်များအရ သိရသည်။
04 Mar 2021

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားမြောက်ပိုင်း ခရိုင်ရှိ ဆီနာဘန်းမီးတောင်သည် အင်္ဂါနေ့တွင် မီးခိုးများနှင့် ပြာပူများအား ၇ ကီလိုမီတာ အမြင့်အထိ မှုတ်ထုတ်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ အရာရှိများ၏ ပြောကြားချက်များအရ သိရသည်။
၂၄၆၀ မီတာ အမြင့်ရှိသော ဆီနာဘန်းမီးတောင်သည် နှစ်ပေါင်း ၄၀၀ ခန့် ငြိမ်သက်နေခဲ့ရာမှ ၂၀၁၀ တွင် ပြန်လည် အသက်ဝင်လာခဲ့သည်။ ၂၀၁၃ ခုနှစ်မှစတင်ကာ မကြာခဏဆိုသလို လှုပ်ရှားမှုများ ရှိခဲ့ကြောင်း မီးတောင်နှင့် ဘူမိဗေဒဆိုင်ရာ အန္တရာယ် အကူအညီပေးရေး စင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ထိခိုက်ဒဏ်ရာရမှု အခြေအနေကို လက်ရှိအချိန်အထိ မသိရသေးပေ။
မီးတောင်ဧရိယာ အနီးတစ်ဝိုက်တွင် နေထိုင်ကြသူများအား အန္တရာယ်ဇုန်မှ ထွက်ခွာကြရန်၊ မီးခိုးဒဏ်အား ကာကွယ်နိုင်အောင် မျက်နှာအကာအကွယ်များ တပ်ဆင်အသုံးပြုကြရန်နှင့် ချော်ရည်စီးကြောင်းများ ရှိလာနိုင်ခြေကို သတိပြုနေထိုင်ကြရန် ဒေသအာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထားသည်။
လက်ရှိအချိန်၌ ဒုတိယ အန္တရာယ်အများဆုံး အဆင့် သတ်မှတ်ထုတ်ပြန်ထားသည်။
၂၀၁၄ ခုနှစ်တွင် ဆီနာဘန်းမီးတောင်မှ မှုတ်ထုတ်သည့် ပြာပူများသည် အနီးအနားရှိ ကျေးရွာများအား ဖုံးလွှမ်းခဲ့ပြီး လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ကျိုဒိုသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။