- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ကိုဗစ်ကပ်ဘေးကာလ ဂျပန်ကလေးသူငယ်များ သတ်သေမှု စံချိန်တင်မြင့်တက်
ဂျပန်နိုင်ငံတွင် ကလေးသူငယ်သတ်သေမှုများသည် ဆယ်စုနှစ်လေးခုကျော်အတွင်း အမြင့်ဆုံး အရေအတွက်သို့ ရောက်ရှိနေကြောင်း ဂျပန်ပညာရေးဝန်ကြီးဌာန၏ လေ့လာချက်ကို ကိုးကား၍ ဂျပန် ပြည်တွင်းမီဒီယာများတွင် ဖော်ပြထားသည်။
19 Oct 2021

DMG ၊ အောက်တိုဘာ ၁၉
ဂျပန်နိုင်ငံတွင် ကလေးသူငယ်သတ်သေမှုများသည် ဆယ်စုနှစ်လေးခုကျော်အတွင်း အမြင့်ဆုံး အရေအတွက်သို့ ရောက်ရှိနေကြောင်း ဂျပန်ပညာရေးဝန်ကြီးဌာန၏ လေ့လာချက်ကို ကိုးကား၍ ဂျပန် ပြည်တွင်းမီဒီယာများတွင် ဖော်ပြထားသည်။
ယခင်နှစ်က ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကျောင်းများချက်ချင်းပိတ်လိုက်ရပြီးနောက်တွင် မူလတန်းမှ အထက်တန်းအရွယ်အထိ ကျောင်းသားကျောင်းသူ ၄၁၅ ဦးတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြကြောင်း စာရင်းမှတ်တမ်းတင်ထားသည်ဟု ပညာရေးဝန်ကြီးဌာန၏ လေ့လာချက်အရ သိရသည်။
ယခုနှစ် သေကြောင်းကြံစည်မှု အရေအတွက်သည် ပြီးခဲ့သည့်နှစ်ကထက် ပြီးခဲ့သည့်နှစ်ထက် အယောက် ၁၀၀ နီးပါး မြင့်တက်လာခဲ့ပြီး ဤပမာဏသည် မှတ်တမ်းစတင် ကောက်ယူခဲ့သည့် ၁၉၇၄ ခုနှစ် နောက်ပိုင်းတွင် အမြင့်ဆုံးစံချိန် ဖြစ်သည်ဟု ကြာသပတေးနေ့ထုတ် အဆာဟိသတင်းစာတွင် ဖော်ပြထားသည်။
ကိုဗစ်ကူးစက်ရောဂါကြောင့် ကျောင်းနှင့် နေအိမ် ပတ်ဝန်းကျင် ပြောင်းလဲမှု အကျိုးဆက်များသည် ကလေးငယ်များ၏ အပြုအမူအပေါ် ကြီးမားသော သက်ရောက်မှုများရှိသည်ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောစကားကို NHK သတင်းဌာနက ကိုးကားဖော်ပြထားသည်။
ဂျပန်တွင် အရှက်ကွဲခြင်း သို့မဟုတ် ဂုဏ်သိက္ခာကျဆုံးခြင်းကို ရှောင်တိမ်းသည့် နည်းလမ်းတစ်ခုအဖြစ် မိမိကိုယ်ကိုသတ်သေကြသည့် အလေ့အထသည် သမိုင်းနှင့်ချီ ရှိခဲ့သည်။ သို့သော်လည်း အစိုးရက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလေးထား ကြိုးပမ်းမှုကြောင့် ၂၀၀၉ ခုနှစ်မှစ၍ ဆယ်နှစ်ဆက်တိုက် သတ်သေမှုနှုန်း ကျဆင်းမှုအပါအဝင် ၁၅ နှစ်တာကာလအတွင်း အကြမ်းအားဖြင့် ၄၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
မိမိကိုယ်ကို သေကြောင်းကြံစည်မှုများသည် ဆယ်စုနှစ်တစ်ခုကြာ ကျဆင်းသွားခဲ့ပြီး ကပ်ရောဂါကာလအအတွင်း ၂၀၂၀ တွင်မူ ပြန်လည် မြင့်တက်လာခဲ့သည်။
ဂျပန်တွင် စိတ်ခံစားချက်နှင့် ငွေရေးကြေးရေးဆိုင်ရာ သောကဖိအားများ ဖြစ်စေသော ကိုဗစ် ၁၉ ကပ်ရောဂါကြားထဲတွင် မိမိကိုယ်ကို သေကြောင်းကြံမှု ကျူးလွန်သူ အရေအတွက်သည် အမျိုးသားများထက် အမျိုးသမီးအရေအတွက်က ပိုများကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။