- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မြန်မာသို့ ပေးအပ်နေသော အကူအညီအားလုံးကို ရပ်ဆိုင်းနိုင်ခြေ ရှိနေကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြော
ဂျပန်နိုင်ငံက မြန်မာသို့ ပေးအပ်နေသော အထောက်အပံ့များအားလုံးကို ရပ်ဆိုင်းနိုင်ခြေ ရှိနေကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးက မေလ ၂၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
22 May 2021
DMG ၊ မေ ၂၂
ဂျပန်နိုင်ငံက မြန်မာသို့ ပေးအပ်နေသော အထောက်အပံ့များအားလုံးကို ရပ်ဆိုင်းနိုင်ခြေ ရှိနေကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးက မေလ ၂၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
ဂျပန်သည် မြန်မာနိုင်ငံကို အကူအညီ အများဆုံး ပေးနေသည့် အလှူရှင်နိုင်ငံများတွင် ပါဝင်ပြီး မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရအား ဖြုတ်ချပြီးနောက်တွင် အကူအညီအသစ်များ ထပ်မံမပေးဘဲ ဆိုင်းငံ့ထားသည်။
အဆိုပါဆိုင်းငံ့မှုကို ထပ်မံတိုးချဲ့ခြင်းများ ရှိလာနိုင်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုရှိမိစု မိုတဲဂိက Nikkei သတင်းစာနှင့် အမေးအဖြေ ပြုလုပ်ရာတွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ဒါမျိုး လုံးဝမလုပ်ချင်ပါဘူး။ ဒါပေမဲ့ ဒီလိုအနေအထားမျိုးနဲ့ ရှေ့ဆက်ဖို့ ခက်ခဲမယ်ဆိုတာကို ကျွန်တော်တို့ ခိုင်ခိုင်မာမာ ဖော်ပြဖို့ လိုအပ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။
ဂျပန်သည် ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးရေးအကူအညီ အမေရိကန်ဒေါ်လာ ၁.၇၄ ဘီလျံ ထောက်ပံ့ခဲ့ကြောင်း Nikkei သတင်းဌာနထံမှ သိရသည်။
“မြန်မာရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို မိတ်ဆွေကောင်းအဖြစ် နည်းမျိုးစုံနဲ့ အားပေးထောက်ခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကိုယ်စားပြုပြီး ရှင်းရှင်းလင်းလင်း အသိပေးရပါမယ်” ဟု လည်း ဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။