- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
ကနေဒါမှာ ပြည်ပနိုင်ငံသားအများစုကို အိမ်ဝယ်ခွင့် တားမြစ်သည့်ဥပဒေ ထုတ်ပြန်
အတည်ပြုလိုက်သည့် ဥပဒေသစ်၌ ဒုက္ခသည်များနှင့် အမြဲတမ်းနေထိုင်ခွင့် ရထားသူများအား နေအိမ်ဝယ်ယူခြင်းနှင့် ပတ်သက်ပြီး ကန့်သတ်ချက်များ အများအပြား ဖော်ပြထားသည်။
02 Jan 2023
ဓာတ်ပုံ - Forbes
ကနေဒါနိုင်ငံတွင် ပြည်ပနိုင်ငံသားများအား အိမ်ခြံမြေဝယ်ယူခွင့် တားမြစ်သည့် ဥပဒေတစ်ရပ်ကို ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်အတည်ပြုလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အတည်ပြုလိုက်သည့် ဥပဒေသစ်၌ ဒုက္ခသည်များနှင့် အမြဲတမ်းနေထိုင်ခွင့် ရထားသူများအား နေအိမ်ဝယ်ယူခြင်းနှင့် ပတ်သက်ပြီး ကန့်သတ်ချက်များ အများအပြား ဖော်ပြထားသည်။ ဤဥပဒေကို ၂ နှစ်ကြာ ကျင့်သုံးမည်ဖြစ်သည်။
သို့သော်လည်း ယခုကန့်သတ်ချက်များတွင် လူနေပြည့်ကျပ်နေသည့် မြို့များသာ အကျုံးဝင်မည် ဖြစ်ကြောင်းလည်း ကနေဒါအစိုးရက ဒီဇင်ဘာနှောင်းပိုင်းတွင် ရှင်းလင်းပြောကြားခဲ့သည်။ကနေဒါတွင် အိမ်ခြေမြေဈေးနှုန်းများသည် နိုင်ငံသားများ ဝယ်နိုင်ခြင်းမရှိသည့် ပမာဏအထိ မတန်တဆ မြင့်တက်လျက်ရှိသည်။ ယခုဥပဒေအား ဝန်ကြီးချုပ် ဂျက်စတင်ထရူဒူက ၂၀၂၁ ရွေးကောက်ပွဲတွင် အဆိုပြုခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးနောက်တွင် ဝန်ကြီးချုပ်၏ လစ်ဘရယ်ပါတီသည် ကနေဒါနိုင်ငံသား မဟုတ်သူများ အိမ်ဝယ်ခြင်းကို ကန့်သတ်သည့်ဥပဒေကို တိုးတိုးတိတ်တိတ် စတင်ကျင့်သုံးခဲ့သည်။ အဓိကအိမ်ခြံမြေ ဈေးကွက်ကြီးများဖြစ်သည့် ဗန်ကူးဗားနှင့် တိုရွန်တို မြို့ကြီးများတွင်လည်း နိုင်ငံသားမဟုတ်သူများ၏ နေအိမ်များနှင့် အိမ်အလွတ်များကိုပါ အခွန်စတင်ကောက်ခံခဲ့သည်။
အခြားတစ်ဘက်တွင်မူ ကနေဒါတွင် ပြင်ပနိုင်ငံသားများ အိမ်ခြေမြေ ပိုင်ဆိုင်မှုသည် ၅ ရာခိုင်နှုန်းအောက်သာ ရှိနေသဖြင့် အစိုးရ၏ ယခုကြိုးပမ်းမှုသည် နိုင်ငံသားများ အိမ်ခြံမြေပိုင်ဆိုင်ရေးအတွက် အထောက်အပံ့ ဖြစ်သင့်သလောက် မဖြစ်ဟု ပညာရှင်အများအပြားက ထောက်ပြကြသည်။ အိမ်ခြေမြေလိုအင်ကို ပံ့ပိုးရန်အတွက် ဆိုလျှင် အိမ်ရာများ ပိုမိုဆောက်လုပ်ခြင်းသည်သာ အရေးပါသည့်အချက်ဟု ၎င်းတို့က ပြောကြားကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။