- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ခါဆွန်တွင် ရုရှားနှင့် ယူကရိန်းအကြား အပြင်းထန်ဆုံးတိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း ကီယက်ဗ်အရာရှိတစ်ဦး ခန့်မှန်း
ရုရှားတို့သိမ်းပိုက်ထားသည့် ယူကရိန်းတောင်ပိုင်းခရိုင် ခါဆွန်တွင် အပြင်းထန်ဆုံး တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း ယူကရိန်းအကြီးတန်း အရာရှိတစ်ဦး၏ ပြောကြားချက်ကို ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
26 Oct 2022
ဓာတ်ပုံ - AP
DMG ၊ အောက်တိုဘာ ၂၆
ရုရှားတို့သိမ်းပိုက်ထားသည့် ယူကရိန်းတောင်ပိုင်းခရိုင် ခါဆွန်တွင် အပြင်းထန်ဆုံး တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း ယူကရိန်းအကြီးတန်း အရာရှိတစ်ဦး၏ ပြောကြားချက်ကို ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“ခါဆွန်အနေအထားက ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ ရုရှားတွေဟာ အင်အားထပ်ဖြည့်နေကြတယ်”ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီး၏ အကြံပေးတစ်ဦးဖြစ်သူ အိုလက်စီအရီစတိုဗစ်က အောက်တိုဘာလ ၂၅ ရက်နေ့ညပိုင်းက ထုတ်ပြန်သည့် အွန်လိုင်းဗီဒီယိုဖိုင်တစ်ခုတွင် ပြောကြားထားသည်။
ယူကရိန်းကျူးကျော်စစ် ၈ လတာကာလအတွင်း ခါဆွန်သည် ရုရှားတို့ သိမ်းပိုက်ထားသည့် ဒေသများအတွင်း အကြီးဆုံး မြို့ပြဧရိယာဖြစ်သည်။ ခါဆွန်တွင် စစ်မဖြစ်မီက မြို့နေလူဦးရေ ၂၈၀၀၀၀ ရှိခဲ့သည်။
“ဘယ်သူမှ တပ်ဆုတ်ဖို့ ပြင်ဆင်နေတာ မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒီအစား ခါဆွန်မှာ အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်လာပါတော့မယ်”ဟုလည်း အရီစတိုဗစ်က ပြောကြားသည်။ တိုက်ပွဲများ ဖြစ်လာနိုင်သည့် အချိန်ကိုမူ သူက မပြောထားပေ။
ယူကရိန်းတပ်များသည် ခါဆွန်တွင် နေရာများများစားစား ပြန်သိမ်းနိုင်ခြင်း မရှိသေးပေ။ ရုရှားတို့ သိမ်းပိုက်ထားသည့် နယ်မြေလေးခုကို သမ္မတပူတင်က လွတ်လပ်ရေး ကြေညာထားပြီး ထိုအထဲတွင် ခါဆွန်ဒေသလည်း ပါဝင်သည်။
ခါဆွန်သည် ၂၀၁၄ ခုနှစ်က ရုရှားတို့သိမ်းယူခဲ့သည့် ခရိုင်းမီးယားကျွန်းဆွယ်နှင့် ယူကရိန်းကို ထက်ခြမ်းခွဲထားသည့် ဧရာမမြစ်ကြီးဖြစ်သော နစ်ပရိုမြစ်ဝတို့ နှစ်နေရာလုံးကို ချိတ်ဆက်ထားသည့် မဟာဗျူဟာမြောက် အရေးအပါဆုံးနေရာ ဖြစ်သည်။