- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
တရုတ်အရေးစိုးရိမ်မှုများရှိနေချိန် အမေရိကန်နှင့် မဟာမိတ်ဆက်ဆံရေး ဆက်ရှိမည်ဟု ဂျပန်ဝန်ကြီးချုပ်သစ် ကီရှီဒါ အခိုင်အမာပြော
ဂျပန်ဝန်ကြီးချုပ်အသစ် ဖူမီအိုကီရှီဒါသည် ဂျပန်-အမေရိကန် မဟာမိတ် ဆက်ဆံ ရေးဆက်လက်ရှိနေမည် ဖြစ်ကြောင်း အောက်တိုဘာလ ၅ ရက်နေ့တွင် ထပ်လောင်းအတည်ပြောကြားပြီး ထိုင်ဝမ်အရေးတွင် တရုတ်၏ သဘောထား ကိုစိုးရိမ်နေကြောင်းလည်း အရိပ်အမြွက် ပြောဆိုလိုက်သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဂျပန်အနေဖြင့် “ရွေးချယ်စရာနည်းလမ်းများကို စဉ်းစားသုံးသပ်” ကာ
08 Oct 2021

DMG ၊ အောက်တိုဘာ ၈
ဂျပန်ဝန်ကြီးချုပ်အသစ် ဖူမီအိုကီရှီဒါသည် ဂျပန်-အမေရိကန် မဟာမိတ် ဆက်ဆံ ရေးဆက်လက်ရှိနေမည် ဖြစ်ကြောင်း အောက်တိုဘာလ ၅ ရက်နေ့တွင် ထပ်လောင်းအတည်ပြောကြားပြီး ထိုင်ဝမ်အရေးတွင် တရုတ်၏ သဘောထား ကိုစိုးရိမ်နေကြောင်းလည်း အရိပ်အမြွက် ပြောဆိုလိုက်သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဂျပန်အနေဖြင့် “ရွေးချယ်စရာနည်းလမ်းများကို စဉ်းစားသုံးသပ်” ကာ
“ဖြစ်လာနိုင်ခြေရှိသော အခြေအနေအမျိုးမျိုး” အတွက်လည်း ကြိုတင်ပြင်ဆင်ထားမည် ဖြစ်ကြောင်းဆိုသည်။
လေ့လာသုံးသပ်သူများက ထိုင်ဝမ်နှင့် တရုတ်အစိုးရတို့၏ ပိုမိုကျယ်ပြန့်သည့် ဆက်ဆံရေးမှာ ကီရှီဒါ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ချိန်မှစ၍ လုံခြုံရေးမူဝါဒနှင့် နိုင်ငံခြားဆက်ဆံရေး ကိစ္စရပ်တို့တွင် သက်ရောက်မှုများ ရှိနိုင်ပြီး လာမည့်ရွေးကောက်ပွဲတွင်လည်း အဓိကအရေးကြီးသည့် အကြောင်းအရာ တစ်ရပ်ဖြစ်လာဖွယ် ရှိနေကြောင်း သုံးသပ်ပြောဆိုကြသည်။
ဂျပန်အစိုးရသစ်သည် တရုတ်အရေးကို ပိုမိုအလေးထားသည့်အားလျော်စွာ ကီရှီဒါသည် စီးပွားရေးဆိုင်ရာ လုံခြုံ ရေးဝန်ကြီး ရာထူးသစ်တစ်ခုကို ဖန်တီးခန့်ထားခဲ့သည်။ ၎င်းနေရာကို ဆိုင်ဘာလုံခြုံရေးနှင့် အရေးကြီးသော နည်းပညာထောက်ပံ့ရေး ကွင်းဆက်များကို တရုတ်ရန်မှကာကွယ် ရန်ရည်ရွယ်ကာ မူဝါဒများ ချမှတ်ခဲ့ရာတွင် ကူညီ ပါဝင်ခဲ့သူ အရာရှိတစ်ဦးကိုထပ်မံ ခန့်ထားခြင်းဖြစ်သည်။
သောကြာနေ့က ထိုင်ဝမ်ဝေဟင်နယ်နိမိတ်အတွင်းရှိ လေကြောင်းကာကွယ်ရေးဇုန်သို့ တရုတ်စစ် လေယာဉ် ၁၄၈ စီးပျံသန်းခဲ့မှုနှင့် ဆက်စပ်၍ မေးမြန်းရာတွင် နိုင်ငံခြားရေးဝန်ကြီး တိုရှီမိစုမိုတဲဂိ က
“ဒီကိစ္စကို နှစ်ဘက် တိုက်ရိုက်ပဲ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးဖြေရှင်းကြဖို့ မျှော်လင့်ပါတယ်” ဟု ဖြေကြားခဲ့သည်။
“ပြီးတော့ အခြေအနေကို ဒီအတိုင်း စောင့်ကြည့်နေမယ့်အစား ဖြစ်လာနိုင်တဲ့အခြေအနေအရပ်ရပ်ကို ချိန်ဆပြီး ကျနော်တို့မှာ ဘယ်လိုရွေးချယ်စရာတွေရှိမလဲ၊ ဘာတွေကြိုတင်ပြင်ဆင်ထားဖို့ လိုမလဲ ဆိုတာကိုလည်း လုပ်ထားနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု မိုတဲဂိကဆိုသည်။
ကီရှီဒါအနေဖြင့် မိုတဲဂိနှင့် ကာကွယ်ရေးဝန်ကြီး နိုဘူအို ကီရှီတို့ကို လက်ရှိရာထူးများတွင် ဆက်လက်ထားရှိ ခြင်းက ယခင်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး လုပ်ဆောင်ခဲ့သော အမေရိကန်နှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းမှုမြှင့်တင်ရေးနှင့် တချိန်တည်းတွင် တရုတ်နှင့်လည်း ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို ထိန်းသိမ်းထားလိုသော ၎င်း၏ ဆန္ဒကိုပြဆိုလျက်ရှိကြောင်း လေ့လာသူများက ပြောဆိုလျက်ရှိသည်။