- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ပဋိပက္ခဇုန်များတွင် ကိုဗစ်-၁၉ ကာကွယ်ကုသရေး တုံ့ပြန်မှု အားနည်းသည့်ဒဏ် ခံနေရ
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ပြင်းထန်စွာ ရင်ဆိုင်နေရသော နိုင်ငံများတွင် ကိုဗစ်-၁၉ ကပ်ဘေးကို တုံ့ပြန်နိုင်စွမ်းအားနည်းသဖြင့် ခံစားရသော ဆိုးကျိုးသည် ချမ်းသာကြွယ်ဝသော နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း မြင့်မားကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နှင့် လခြမ်းနီအဖွဲ့တို့က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
25 Mar 2021
DMG ၊ မတ် ၂၅

လူမှုပဋိပက္ခများ မရှိသောနိုင်ငံများတွင် တစ်ဦးချင်း ကိုဗစ်စစ်ဆေးနှုန်းသည် ပဋိပက္ခများ အကြီးအကျယ် ရင်ဆိုင်နေရာသော နိုင်ငံများထက် ၄၈ ဆအထိ ပိုများကြောင်း လေ့လာချက် အသစ်တစ်ရပ်တွင် ဖော်ပြထားသည်။
ပဋိပက္ခများ အဆိုးဆုံးရင်ဆိုင်နေရသော နိုင်ငံ ၃၂ နိုင်ငံတွင် လူဦးရေသည် ကမ္ဘာလူဦးရေစုစုပေါင်း၏ ၁၉ ရာခိုင်နှုန်းနီးပါး ရှိနေသော်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုမှာ ၂ ရာခိုင်နှုန်းသာ ရှိသည်။
ကိုဗစ်ကြောင့် သေဆုံးမှုနှုန်းမှာမူ သက်ကြီးဦးရေ ပိုများပြီး ချမ်းသာကြွယ်ဝသော နိုင်ငံများတွင် အမြင့်ဆုံးဖြစ်သည်။
အာရှတွင် ဖြန့်ဝေထားသည့် ကာကွယ်ဆေးစုစုပေါင်း၏ သုံးပုံနှစ်ပုံနီးပါးမှာ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် ထိုင်းနိုင်ငံတို့က ရရှိထားခြင်းဖြစ်ကြောင်း လေ့လာချက်က ဆိုသည်။
အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ပါကစ္စတန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့တွင်မူ ဒေသတွင်းရရှိထားသော ကာကွယ်ဆေး စုစုပေါင်း၏ ၄ ရာခိုင်နှုန်းအောက်သာ ရထားသည်။