- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အီရန်ဒုံးကျည်ထိမှန်ပြီး ယူကရိန်းခရီးသည်တင်လေယာဉ် ပျက်ကျခဲ့ရခြင်းဖြစ်နိုင်ကြောင်း အနောက်နိုင်ငံခေါင်းဆောင်များ ပြော
ဇန်နဝါရီလ ၈ ရက်နေ့က အီရန်တွင်ပျက်ကျခဲ့သော ယူကရိန်းခရီးသည်တင်လေယာဉ်သည် စုံစမ်းတွေ့ရှိရသော အထောက်အထားများအရ အီရန်တို့ မှားယွင်းပစ်ခတ်လိုက်ခြင်းဖြစ်ဖွယ်ရှိသော ဒုံးကျည်တစ်စင်းထိမှန်ကာ ပျက်ကျခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်ဟု အနောက်နိုင်ငံခေါင်းဆောင်များက ပြောကြားလျက်ရှိကြာင်း BBC သတင်းတွင်ဖော်ပြထားသည်။
10 Jan 2020
ဇန်နဝါရီလ ၈ ရက်နေ့က အီရန်တွင်ပျက်ကျခဲ့သော ယူကရိန်းခရီးသည်တင်လေယာဉ်သည် စုံစမ်းတွေ့ရှိရသော အထောက်အထားများအရ အီရန်တို့ မှားယွင်းပစ်ခတ်လိုက်ခြင်းဖြစ်ဖွယ်ရှိသော ဒုံးကျည်တစ်စင်းထိမှန်ကာ ပျက်ကျခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်ဟု အနောက်နိုင်ငံခေါင်းဆောင်များက ပြောကြားလျက်ရှိကြာင်း BBC သတင်းတွင်ဖော်ပြထားသည်။
လေယာဉ်ပေါ်တွင်လိုက်ပါသွားသူ ၁၇၆ ဦးလုံးသေဆုံးခဲ့ရသော အဆိုပါလေယာဉ်ပျက်ကျမှုအတွက် အပြည့်အဝစုံစမ်း စစ်ဆေးရန် ကနေဒါနှင့် ဗြိတိန်နိုင်ငံခေါင်းဆောင်များက တောင်းဆိုလိုက်သည်။
အီရန်နိုင်ငံကမူ ၎င်းတို့ပစ်ခတ်လိုက်သည့် ဒုံးကျည်ကြောင့် လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်သည်ဟူသေ စွပ်စွဲမှုများအားလုံးကို ငြင်းဆိုထားသည်။
အီရန်တို့က အီရတ်ရှိအမေရိကန်စစ်စခန်းနှစ်ခုကို ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်ပြီးနောက် နာရီပိုင်းအကြာမှာပင် ယူကရိန်း ခရီးသည်တင်လေယာဉ်ပျက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပျက်ကျရခြင်း အင်ဂျင်ချို့ယွင်းမှုကြောင့်ဟု တီဟီရန်ရှိ အီရန်သံရုံးက အစောပိုင်းတွင်ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းကြေညာချက်ကို ပြန်လည်ဖယ်ရှားသွားခဲ့သည်။
ထိုကဲ့သို့ အီရန်တို့၏တိုက်ခိုက်မှုနှင့် လေယာဉ်ပျက်ကျသည့်အချိန်နှင့် နေရာတို့အရ အီရန်တို့သည် ခရီးသည်တင် လေယာဉ်ကို အမေရိကန်စစ်လေယာဉ်နှင့်မှားယွင်းကာ ပစ်ခတ်မိခြင်းဖြစ်နိုင်သည်ဟု အမေရိကန်မီဒီယာများက ဖော်ပြ လျက်ရှိသည်။
ဒုံးကျည်နှစ်စင်း ပစ်ခတ်မှုကြောင့်ပေါ်ထွက်ခဲ့သည့် အလင်းပျောက် ၂ ခုပြီးနောက် နောက်ထပ်ပေါက်ကွဲမှုတစ်ခုမှ အလင်းပျောက်တစ်ခုကိုလည်း ဂြိုဟ်တုပုံရိပ်များတွင်တွေ့ရှိရကြောင်း အမေရိကန်ထောက်လှမ်းရေးမှ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး CBS သတင်းဌာနက ဖော်ပြခဲ့သည်။
ထို့ပြင် Newsweek သတင်းဌာနကလည်း အမေရိကန်အကြီးတန်းထောက်လှမ်းရေးအရာရှိများနှင့် အီရတ်ထောက်လှမ်းရေးအရာရှိတို့၏ ပြောကြားချက်ကို ကိုးကားပြီး ယူကရိန်းခရီးသည်တင် လေယာဉ်သည် ရုရှားလုပ် Tor ဒုံးကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်နှင့်အီရတ်တို့က ယုံကြည်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။
New York Time ကရရှိခဲ့သော ဗွီဒီယိုဖိုင်တစ်ခုထဲတွင်မူ ဒုံးကျည်တစ်စင်းက တီဟီရန် ညကောင်းကင်ကိုဖြတ်ပျံသွားပြီး နောက် လေယာဉ်တစ်စီးကို ထိမှန်ပေါက်ကွဲသွားသည်ကို တွေ့မြင်ခဲ့ရကာ ၁၀ စက္ကန့်ကြာမြင့်ပြီးနောက် မြေပြင်ပေါ်တွင် ကျယ်လောင်သောပေါက်ကွဲသံတစ်ခု ကြားခဲ့ရသည်။
အမေရိကန်တို့နှင့် တင်းမာမှုများရှိနေသော အီရန်အာဏာပိုင်များက ပျက်ကျလေယာဉ်မှ Black Box ကို အမေရိကန်တို့ထံ သို့သော်လည်းကောင်း၊ လေယာဉ်ထုတ်လုပ်သော ဘိုးရင်းကုမ္ပဏီသို့သော်လည်းကောင်း လွှဲပြောင်းပေးရန် ငြင်းဆန်ထားသည်။
သို့ရာတွင် စုံစမ်းစစ်ဆေးရေးတွင် အမေရိကန်တို့ဘက်မှ တာဝန်ရှိသူတစ်ဦး ပူးပေါင်းပါဝင်နိုင်ရန် ဖိတ်ခေါ်သွားမည်ဟု အီရန်အာဏာပိုင်များက ပြောကြားထားပြီး အမေရိကန်နိုင်ငံ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဘေးကင်းလုံခြုံရေးဘုတ် အဖွဲ့ကလည်း စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးကို တာဝန်ပေးသွားမည်ဟု ပြောကြားထားသည်။
ကမ္ဘာလုံးဆိုင်ရာ လေကြောင်းစည်းမျဉ်းစည်းကမ်းများအရ အီရန်နိုင်ငံသည် စုံစမ်းစစ်ဆေးရေးကို ဦးဆောင်ပိုင်ခွင့် ရှိသော်လည်း များသောအားဖြင့် လေယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီမှ တာဝန်ရှိသူများလည်း စုံစမ်းစစ်ဆေးရေးတွင် ပူးပေါင်းပါဝင်လေ့ရှိသည်။
ပျက်ကျခဲ့သော ယူကရိန်း PS 752 ခရီးစဉ်တွင် အီရန်နိုင်ငံသား ၈၂ ဦး၊ ကနေဒါနိုင်ငံသား ၆၃ ဦး၊ လေယာဉ်ဝန်ထမ်း ၉ ဦးအပါအဝင် ယူကရိန်းနိုင်ငံသား ၁၁ ဦး၊ ဆွီဒင် ၁၀ ဦး၊ အာဖရန် ၄ ဦး၊ ဗြိတိသျှ ၃ ဦးနှင့် ဂျာမန် ၃ ဦး တို့လိုက်ပါသွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ တစ်ဦးမျှမရှိချေ။
ဆက်စပ်သတင်း
- အမေရိကန်လေတပ်စခန်း နှစ်ခုအား အီရန်က ဒုံးကျည်များဖြင့် တိုက်ခိုက်
- ယူကရိန်း ခရီးသည်တင်လေယာဉ် အီရန်တွင် ပျက်ကျ