- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
သန့်ရှင်းမှုမရှိသည့် မိုဒါးနားထိုးဆေး ၁ သန်းခွဲခန့် ဂျပန်တွင် အသုံးပြုမှုရပ်ဆိုင်း
ဂျပန်တွင် လက်ရှိထိုးနှံနေသည့် မိုဒါးနား ကိုဗစ်ကာကွယ်ဆေးရည် ပုလင်းများတွင် ဆေးနှင့်မသက်ဆိုင်သည့် အရာဝတ္ထုများ ပါဝင်နေသဖြင့် ထိုးဆေးအလုံးရေ ၁.၆ သန်းခန့်ကို အသုံးပြုမှု
27 Aug 2021

DMG ၊ ဩဂုတ် ၂၇
ဂျပန်တွင် လက်ရှိထိုးနှံနေသည့် မိုဒါးနား ကိုဗစ်ကာကွယ်ဆေးရည် ပုလင်းများတွင် ဆေးနှင့်မသက်ဆိုင်သည့် အရာဝတ္ထုများ ပါဝင်နေသဖြင့် ထိုးဆေးအလုံးရေ ၁.၆ သန်းခန့်ကို အသုံးပြုမှု
ဆိုင်းငံ့ထားကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (သြဂုတ် ၂၆) ပြောကြားလိုက်သည်။
ထိုးဆေးပုလင်းများအတွင်း မသန့်ရှင်းသည့် အရာများ ပါဝင်နေကြောင်း ကာကွယ်ဆေး ထိုးနှံပေးနေသည့် နေရာအများအပြားမှ သတင်းပေးပို့မှုများ ရှိသည်ဟု ဝန်ကြီးဌာနက ပြောသည်။
လုံခြုံရေးအရ ကြိုတင်ကာကွယ်မှုယူသည့်အနေဖြင့် အဆိုပါဆေးကို ထုတ်လုပ်ခဲ့သည့် တစ်သုတ်တည်းမှ ထိုးဆေးအားလုံးကို အသုံးမပြုဘဲ ဆိုင်းငံ့ထားကြောင်း ဂျပန်တွင် မိုဒါးနားဖြန့်ချိရေး အတွက် တာဝန်ယူထားသည့် တာကဲဒါ ဆေးဝါးကုမ္ပဏီက ပြောကြားသည်။
ပုလင်းများထဲတွင် မည်ကဲ့သို့သော အရာဝတ္ထုများ တွေ့ရသည်ကို ကျန်းမာရေးဝန်ကြီးဌာနနှင့် တာကဲဒါကုမ္ပဏီ နှစ်ဘက်လုံးမှ အသေးစိတ်ဖြေကြားခြင်း မရှိပေ။
ဂျပန်တွင် နေ့စဉ် လူဦးရေ တစ်သန်းခန့်ကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေပြီး လက်ရှိအချိန်အထိ နိုင်ငံလူဦးရေ၏ ၄၃ ရာခိုင်နှုန်းအထိ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်သည်။