မိမိကိုဖိတ်ခေါ်ရန် မြောက်ကိုရီးယားအား ပုပ်ရဟန်းမင်းကြီး ပြောကြား
မိမိအား မြောက်ကိုရီးယားသို့ ဖိတ်ခေါ်ရန် ပုပ်ရဟန်းမင်းကြီးက ပြုံယမ်းကိုပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
30 Aug 2022
DMG ၊ သြဂုတ် ၃၀
မိမိအား မြောက်ကိုရီးယားသို့ ဖိတ်ခေါ်ရန် ပုပ်ရဟန်းမင်းကြီးက ပြုံယမ်းကိုပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တောင်ကိုရီးယားအစိုးရပိုင်ရုပ်သံ KBS က သြဂုတ်လ ၂၆ ရက်နေ့တွင် ထုတ်လွှင့်သွားသည့် ရုပ်သံအင်တာဗျူးတစ်ခုတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
မိမိကို ‘ကျေးဇူးပြုပြီး ဖိတ်ကြားပေးပါ။ မငြင်းပါဘူး’ ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ပြောသည်။
၂၀၁၈ ခုနှစ်ကလည်း သမ္မတမွန်ဂျေအင်းနှင့် ကင်ဂျုံအန်းတို့ သံတမန်ဆက်ဆံရေး လမ်းကြောင်းထူထောင်ရန် အစီအစဉ်များ ရှိစဉ်က မြောက်ကိုရီးယားသို့ ပုပ်ရဟန်းမင်းကြီး ကြွရောက်မည့်အလားအလာ ရှိနေခဲ့သည်။
ထိုစဉ်က ကင်ဂျုံအန်းသည် ပုပ်ရဟန်းမင်းကြီးအား အားရဝမ်းသာ ကြိုဆိုမည်ဟု ပြောကြားခဲ့သည်ဟု ကက်သလစ်ဘာသာဝင် သမ္မတမွန်ဂျေအင်းက ပြောခဲ့သည်။
ပုပ်ရဟန်းမင်းကြီးကလည်း သူ့ကို တရားဝင်ဖိတ်ကြားစာ လက်ခံရရှိပါက သွားရန်ဆန္ဒရှိသည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။
သို့သော်လည်း ၂၀၁၉ ခုနှစ်တွင် ကင်ဂျုံအန်းနှင့် ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံပြီးနောက်ပိုင်း ပြုံယမ်းဘက်က ဆိုးလ်နှင့် အဆက်အသွယ်များ လုံးဝရပ်ဆိုင်းခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ပုပ်ရဟန်းမင်းကြီး တောင်းဆို
- ကမ္ဘာ့မွတ်ဆလင်ဘာသာဝင် အများဆုံးနိုင်ငံ အင်ဒိုနီးရှားသို့ ပုပ်ရဟန်းမင်းကြီး ရောက်ရှိ
- သမ္မတဘိုင်ဒန်နှင့် ပုပ်ရဟန်းမင်းကြီးတို့ အစ္စရေး-ပါလက်စတိုင်းအရေး ဖုန်းဆက်ဆွေးနွေး
- မြန်မာနှင့် ပီရူးတွင် အကြမ်းဖက်မှုများ ရပ်တန့်ကြရန် ပုပ်ရဟန်းမင်းကြီးပြော
မြန်မာ့ရေးရာ
ကာလဝမ်းရောဂါ ကာကွယ်ရေး ဆေးဝါးများ မြန်မာအတွက် ထိုင်းဘက်က ကူညီ
By Admin 25 Dec 2024
မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
By Admin 24 Dec 2024
ရိုဟင်ဂျာဘေးကင်းဇုန်ဆိုတာ သံတမန်ရေး ကစားကွက်လား
By Admin 21 Dec 2024
အကြီးအကျယ် ခြေလှမ်းမှားသွားနိုင်တဲ့ တရုတ်လုံခြုံရေး အစီအစဉ်
By Admin 17 Dec 2024
မြန်မာ့အရေး ဆွေးနွေးပွဲနှစ်ရပ် ယခုသီတင်းပတ်အတွင်း ထိုင်းမှာကျင်းပရန်ရှိ
By Admin 16 Dec 2024
စစ်ကောင်စီကို တရုတ်ဘက်က ဘယ်အထိ ကူညီစောင်မနေဦးမှာလဲ
By Admin 15 Dec 2024
ထိပ်တန်း သတင်းများ
-
အမ်းရိုးမတောင်တန်းတွင် စစ်ကောင်စီ အင်အားဖြည့်နေ
-
စစ်တွေတွင် စစ်ကောင်စီက ရေတပ်အင်အား တိုးချဲ့ချထား
-
ရခိုင်က စစ်ကောင်စီတပ်သားများ AA ထံ အညံ့ခံရန် နပခဒုတိုင်းမှူး သတိပေး
-
ဂွတပ်ရင်း ခမရ (၅၆၂) အတွင်းပိုင်းထိ AA ထိုးဖောက်ဝင်ရောက်
-
ခရီးသည်ကားတစ်စီးကို ARSA ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ အများအပြားဒဏ်ရာရ
-
မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ