- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကို ခန့်မည်ဟု ဟွန်ဆန်ပြော
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မိမိနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်ကို ခန့်အပ်မည်ဟု ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က ဒီဇင်ဘာ ၁၅ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
17 Dec 2021
DMG ၊ ဒီဇင်ဘာ ၁၇
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မိမိနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်ကို ခန့်အပ်မည်ဟု ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က ဒီဇင်ဘာ ၁၅ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဖနွမ်ပင်မြို့တော်ရှိ ဟိုတယ်အသစ်တစ်လုံး ဖွင့်ပွဲတွင် ဝန်ကြီးချုပ်ဟွန်ဆန်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ အာဆီယံ သို့မဟုတ် ကမ္ဘောဒီးယားက မြန်မာ့ပြဿနာများကို ဖြေရှင်းနိုင်ခြေ ရှိ မရှိ မိမိအနေဖြင့် မသေချာသော်လည်း ကြိုးစားရမည်ဟု ဟွန်ဆန်က ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေသူမှာ ဘရူနိုင်းနိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာဝင်ယူဆော့ဖြစ်ပြီး လက်ရှိ အာဆီယံဥက္ကဌ ဘရူနိုင်းက ခန့်အပ်ထားခြင်း ဖြစ်သည်။
ကမ္ဘောဒီးယားသည် လာမည့်နှစ်တွင် အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဌ တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။
ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာနိုင်ငံသို့ လာမည့်နှစ် ဇန်နဝါရီလ ရ-၈ ရက်များတွင် အလည်အပတ် သွားရောက်မည်ဟု ပြောကြားထားသည်။
မြန်မာသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်သဖြင့် အာဆီယံဆိုင်ရာ အစည်းအဝေးများကိုလည်း တက်ရောက်ခွင့်ရှိသည်ဟု ဟွန်ဆန်က ဒီဇင်ဘာလ အစောပိုင်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည်လည်း ဒီဇင်ဘာလ ရ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်သွားရောက်ပြီး ဝန်ကြီးချုပ်ဟွန်ဆန်နှင့် တွေ့ဆုံခဲ့သည်။
ဟွန်ဆန်သည် ကမ္ဘောဒီယားနိုင်ငံကို အုပ်ချုပ်နေသည်မှာ ၃၆ နှစ် ရှိပြီဖြစ်ကာ နိုင်ငံကို အာဏာဖြင့် အုပ်ချုပ်နေသူအဖြစ်လည်း မကြာခဏဆိုသလို စွပ်စွဲခံရလေ့ရှိသည်။
မြန်မာစစ်တပ် ခေါင်းဆောင်များအား ကမ္ဘောဒီးယားက ပျော့ပျောင်းညင်သာစွာ ချဉ်းကပ်မှုသည် အာဆီယံ၏ လက်ရှိရပ်တည်မှုနှင့် ကွဲလွဲနေပြီး မြန်မာအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည့် အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၏ မူဝါဒများနှင့်လည်း ကွဲလွဲလျက်ရှိသည်။
အမေရိကန်အစိုးရသည် ပြီးခဲ့သော ဒီဇင်ဘာလ ၈ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံအား လက်နက်ရောင်းချခွင့် တားမြစ်မိန့်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့်အပြင် ဒေသတွင်းလုံခြုံရေးအတွက် အန္တရာယ်ရှိနေသည့် တရုတ်၏ လုပ်ရပ်များနှင့်လည်း ဆက်စပ်မှုရှိနေသဖြင့် ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။