- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဟောင်ကောင်တွင် ကိုဗစ် စစ်ဆေးတွေ့ရှိသူတိုင်းကို ဟောင်ကောင်ဒေါ်လာ ၅ ထောင် ပေးမည်
မြို့တော်အတွင်း ရောဂါပိုးရှိ မရှိ စစ်ဆေးခံသည့် ပြည်သူများကို အားပေးသည့်အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ မည်သူကိုမဆို ဟောင်ကောင်ဒေါ်လာ ၅၀၀၀ (မြန်မာကျပ် ၈ သိန်းခွဲနီးပါး) ထောက်ပံ့ပေးမည်ဟု ဟောင်ကောင်ကျန်းမာရေးအကြီးအကဲ ဆိုဖီယာချန်းက ပြောကြားသည်။
25 Nov 2020

မြို့တော်အတွင်း ရောဂါပိုးရှိ မရှိ စစ်ဆေးခံသည့် ပြည်သူများကို အားပေးသည့်အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ မည်သူကိုမဆို ဟောင်ကောင်ဒေါ်လာ ၅၀၀၀ (မြန်မာကျပ် ၈ သိန်းခွဲနီးပါး) ထောက်ပံ့ပေးမည်ဟု ဟောင်ကောင်ကျန်းမာရေးအကြီးအကဲ ဆိုဖီယာချန်းက ပြောကြားသည်။
ထုတ်ပေးမည့်အစီအစဉ် အသေးစိတ်ကို အလုပ်သမားနှင့် လူမှုဖူလုံရေးဗျူရိုက ကြေညာသွားမည်ဟု ချန်၏ ရေဒီယိုအင်တာဗျူး ပြောကြားချက်ကို ကိုးကား၍ ဟောင်ကောင်ရေဒီယို ရုပ်မြင်သံကြားက ကြေညာသွားသည်။ အစိုးရသည် နောက်ထပ်လူထုအခြေပြုရောဂါပိုး စစ်ဆေးရေးစင်တာ ငါးခုကို ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းနှင့် လေးခုမှာ စတင်လည်ပတ်နေပြီဖြစ်ကြောင်း ချန်၏ ပြောကြားချက်ကို ကိုးကားထားသည့် အစီရင်ခံစာအရ သိရသည်။
ပြည်တွင်းကူးစက်မှုမြင့်တက်လာချိန်တွင် ဟောင်ကောင်သည် လူမှုရေးဆိုင်ရာ ကန့်သတ်မှုများကို ထပ်မံပြဌာန်းသွားမည်ဖြစ်သည်။ ဟောင်ကောင်-စင်ကာပူ အကြား ကမ္ဘာ့ပထမဆုံးဖြစ်မည့် အသွား အလာကန့်သတ်စောင့်ကြည့်ခြင်း ကာလကို ဖြတ်သန်းရန်မလိုသည့် ခရီးသွားလာမှု (Travel Bubble) အစီအစဉ်ကို နှစ်ပတ်အထိ ရွှေ့ဆိုင်းသွားမည်ဖြစ်ကြောင်း စနေနေ့က ထုတ်ပြန်ခဲ့သည်။
မြို့တော်တွင် စနေနေ့က ကူးစက်မှု ၄၃ ခုအထိ ဖြစ်ပွားခဲ့ပြီး သုံးလအတွင်း အများဆုံးဖြစ်သည်။ အဆိုပါ ကူးစက်မှုများတွင် ပြည်တွင်းကူးစက်မှု ၁၃ ခု ပါဝင်ပြီး မည်သည့်နေရာမှ ကူးစက်ခံရသည်ကို ခြေရာခံ၍မရပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကူးစက်မှုအမြင့်ဆုံးအထိ ဖြစ်စေသူများ (super-spreaders) မြို့အတွင်း ရှိကောင်းရှိနေနိုင်ပြီဖြစ်ကြောင်း ခန့်မှန်းမှုများလည်း ပေါ်ထွက်လျက်ရှိသည်။
ကမ္ဘာတစ်ဝန်း နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်း အထိ အတည်ပြုထားသော ကိုဗစ်ကူးစက်မှု စုစုပေါင်း ၅၉ သန်းကျော် ရှိသွားပြီ ဖြစ်ကြောင်း ဂျွန်ဟော့ကင်း ဆေးတက္ကသိုလ်က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ သေဆုံးသူစုစုပေါင်းမှာ ၁.၃ သန်း ကျော်သွားပြီဖြစ်သည်။