- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
ကိုဗစ်လော့ဒေါင်းကာလ၌ အပတ်စဉ်ယမကာဝိုင်းတွင် ပါဝင်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ဝေဖန်ခံနေရ
ကပ်ဘေးကာလတစ်လျှောက်၌ ၎င်း၏ဝန်ထမ်းများ ပြုလုပ်သည့် အပတ်စဉ်ယမကာဝိုင်းတွင် ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကိုပါ မြင်တွေ့ခဲ့ရကြောင်း စနေနေ့က သတင်းတစ်ရပ် ထွက်ပေါ်ခဲ့သည့်အတွက် ၎င်း၏ပါတီက ရာထူးမှုနုတ်ထွက်ရန် ဖိအားပေးခြင်း ခံနေရသည့် ဝန်ကြီးချုပ်အနေဖြင့် ထပ်တိုးအဆင်မပြေမှုများ ရင်ဆိုင်နေရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
17 Jan 2022
DMG ၊ ဇန်နဝါရီ ၁၇
ကပ်ဘေးကာလတစ်လျှောက်၌ ၎င်း၏ဝန်ထမ်းများ ပြုလုပ်သည့် အပတ်စဉ်ယမကာဝိုင်းတွင် ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကိုပါ မြင်တွေ့ခဲ့ရကြောင်း စနေနေ့က သတင်းတစ်ရပ် ထွက်ပေါ်ခဲ့သည့်အတွက် ၎င်း၏ပါတီက ရာထူးမှုနုတ်ထွက်ရန် ဖိအားပေးခြင်း ခံနေရသည့် ဝန်ကြီးချုပ်အနေဖြင့် ထပ်တိုးအဆင်မပြေမှုများ ရင်ဆိုင်နေရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်နှင့် ၎င်း၏ဝန်ထမ်းများသည် ကိုဗစ်လော့ဒေါင်းကာလအတွက် ရည်ရွယ်ချက်ရှိရှိ စည်းကမ်းဖောက်ဖျက်ခဲ့ခြင်း ဟုတ် မဟုတ်ကို အကြီးတန်းပြည်သူ့ဝန်ထမ်း ဆူးဂရေးက ယခုသီတင်းပတ်အတွင်း စုံစမ်းပြီး အစီရင်ခံရမည်ဖြစ်သည်။
မဲဆန္ဒနယ်မြေများတွင် ရောက်ရှိနေကြသည့် ကွန်ဆာဗေးတစ်လွှတ်တော်အမတ်များက ဒေါင်းနင်းလမ်းတွင် စည်းကမ်းဖောက်ကြောင်း မဲဆန္ဒရှင်များပေးပို့သည့် အသိပေးစာများ အများအပြား မိမိတို့ လက်ခံရရှိနေကြောင်း ပြောကြားကြသည်။
သြဇာရှိသည့် လွှတ်တော်အမတ်နှင့် ကွန်ဆာဗေးတစ်ဝန်ကြီးဟောင်း တိုဘီယက်စ်အဲလ်ဝုဒ်ကလည်း ဂျွန်ဆင်အနေဖြင့် “ဦးဆောင် သို့မဟုတ် ဘေးထွက်နေ” ရမည်ဟု ဘီဘီစီသတင်းဌာနကို ပြောကြားသည်။
ငြင်းဆိုမှုများ သီတင်းပတ်အတန်ကြာ ရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်သည် ပြီးခဲ့သည့် သီတင်းပတ်တွင် လွှတ်တော်၌ တောင်းပန်ခဲ့ပြီး ၎င်း၏ဝန်ထမ်းများ ကျင်းပသည့် ယမကာပွဲတွင် အနည်းဆုံးတစ်ကြိမ် ပါဝင်ခဲ့သည်ဟု ဝန်ခံခဲ့သည်။ အဆိုပါဖြစ်စဉ်သည် ၂၀၂၀ မေလအတွင်းက ဖြစ်ပြီး ဗြိတိန်၌ အချင်းချင်း ခပ်ခွာခွာနေကြရန် စည်းကမ်းချထားသည့်ကာလလည်း ဖြစ်သည်။
နောက်ထပ်ပါတီပွဲနှစ်ခုမှာ အဲလိဇဘက်ဘုရင်မကြီး၏ကြင်ယာတော် မင်းသားဖိလစ်၏ ဈာပနအခမ်းအနား ကျင်းပချိန် ၂၀၂၁ ခုနှစ် ဧပြီလတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်များအတွက်လည်း ဒေါင်းနင်းလမ်းက ဘက်ကင်ဟမ်နန်းတော်ဆီသို့ တောင်းပန်စာပေးပို့ခဲ့သည်။