- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကွီယာအို ၂၀၂၂ သမ္မတရာထူး ဝင်ပြိုင်မည်
ဖိလစ်ပိုင်လက်ဝှေ့သမားနှင့် လွှတ်တော်အမတ်တစ်ဦး ဖြစ်သူ ပက်ကွီယာအိုသည် လာမည့်နှစ သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာလိုက်သည်။
20 Sep 2021
DMG ၊ စက်တင်ဘာ ၂၀
ဖိလစ်ပိုင်လက်ဝှေ့သမားနှင့် လွှတ်တော်အမတ်တစ်ဦး ဖြစ်သူ ပက်ကွီယာအိုသည် လာမည့်နှစ သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာလိုက်သည်။
“ကျွန်တော်က ဖိုက်တာတစ်ယောက် ဖြစ်တဲ့အတွက် ကြိုင်းဝိုင်းထဲမှာရော အပြင်မှာပါ ဖိုက်တာတစ်ယောက်အဖြစ် ဆက်ရှိနေမှာပါ” ဟု ပက်ကွီယာအိုက အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။
လက်ရှိအာဏာရ PDP-Laban ပါတီ၏ အုပ်စုခွဲတစ်ခုက သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ရန် ပက်ကွီယာအိုအား ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ PDP-Laban ပါတီသည် လွှတ်တော်အမတ် ခရစ္စတိုဖာဘွန်းကို သမ္မတလောင်းအဖြစ် ရွေးချယ်ထားကာ လက်ရှိသမ္မတ ဒူတာတေးကို ဒုတိယသမ္မတလောင်းအဖြစ် ရွေးထားကြောင်း ယခုလအစောပိုင်းတွင် ကြေညာထားသည်။
၂၀၂၂ တွင် မက်ကွီယာအို သမ္မတလောင်းအဖြစ် ဝင်ပြိုင်ပါက တောင်ပိုင်းကျွန်းဆွယ်မှ မဲများ နှစ်မျိုးကွဲသွားနိုင်သဖြင့် ရွေးကောက်ပွဲဝင်မည့် ဒူတာတေး၏ အစီအစဉ်အတွက် ပက်ကွီယာအိုသည် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေကြောင်း လေ့လာသူများက ယူဆကြသည်။
PulseAsia အဖွဲ့က ပြီးခဲ့သော ဇွန်လတွင် ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ရပ်အရ ပက်ကွီယာအိုသည် ဖိလစ်ပိုင်တွင် ဖြစ်လာနိုင်ခြေရှိသည့် သမ္မတလောင်း ၁၅ ဦးအနက် အဆင့် ၅ နေရာတွင် ရှိနေသည်။
၂၀၁၆ ခုနှစ်တည်းက လွှတ်တော်အမတ်တစ်ဦး ဖြစ်သည့် ပက်ကွီယာအိုသည် ယခင်က သမ္မတဒူတာတေကို ထောက်ခံခဲ့သူ ဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် လက်ရှိအာဏာရပါတီသည် အကျင့်ပျက်မှု စွပ်စွဲချက်များနှင့်အတူ တောင်တရုတ်ပင်လယ် အရေးများတွင် အမြင်မတူမှုများ ရှိလာပြီးနောက် ပါတီတွင် အကွဲအပြဲ ဖြစ်ပေါ်ခဲ့သည်။
“ပြောင်းလဲပေးမယ်ဆိုတဲ့ ကတိတွေ အခါခါပေးနေတာတွေကို ကျွန်တော်တို့ စိတ်ကုန်နေပြီ” ဟု ပက်ကွီယာအိုက ဆိုသည်။
အသက် ၄၂ နှစ်အရွယ် ပက်ကွီယာအိုသည် ကမ္ဘာ့လက်ဝှေ့လောကတွင် ထင်ရှားသူ ချန်ပီယံတစ်ဦးဖြစ်သည်။ ပက်ကွီယာအိုသည် ပြီးခဲ့သောလက ကျင်းပသည့် ၎င်း၏ နောက်ဆုံးလက်ဝှေ့ပွဲတွင် ကျူးဘား ကစားသမား ယော်ဒန်နစ်အူဂက်စ်ကို ရှုံးနိမ့်ခဲ့သည်။