- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
ဖိလစ်ပိုင်တွင် အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ၂၀ ကျော်သေဆုံး
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် ကြာသပတေးနေ့က တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်သည် လက်ရှိအချိန်အထိ ၂၁ ဦးရှိနေပြီဖြစ်ကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
18 Dec 2021
ဒီဇင်ဘာ ၁၈၊ DMG
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် ကြာသပတေးနေ့က တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်သည် လက်ရှိအချိန်အထိ ၂၁ ဦးရှိနေပြီဖြစ်ကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
‘ရိုင်’ဟု အမည်ပေးထားသည့် တိုင်ဖွန်းမုန်တိုင်း ဝင်လာရာ လမ်းကြောင်းတစ်လျှောက်ရှိ လူ ၃ သိန်းကျော် နေအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း သတင်းများတွင် ဖော်ပြကြသည်။
တစ်နာရီလျှင် မိုင် ၁၂၀ နှုန်းအထိ ပြင်းထန်ခဲ့သည့် မုန်တိုင်းဒဏ်ကြောင့် ဆီယာဂေါ (Siargo) ကျွန်းတွင် အဆောက်အအုံများ ပြားပြားဝပ်ကျန်ခဲ့ပြီး နေရာအများအပြားတွင် ဆက်သွယ်ရေးလိုင်းများ ပျက်စီးခြင်း၊ လျှပ်စစ်မီးများ ပြတ်တောက်ခြင်းများ ရှိနေကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
မုန်တိုင်းကြောင့် ကျေးရွာအချို့ ရေကြီးခြင်း၊ သစ်ပင်များ အမြစ်မှကျွတ်ထွက်ခြင်းမျိုးလည်း ရှိခဲ့သည်ဟု သတင်းက ဖော်ပြသည်။
မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရသည့် နေရာများတွင် စစ်တပ်၊ ရဲနှင့် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်အင်အား ၁၈၀၀၀ ခန့်သည် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း အမျိုးသားသဘာဝဘေးဒဏ်ကယ်ဆယ်ရေး ဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် မာ့ခ်တင်ဘာက အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။
သောကြာနေ့တွင် မုန်တိုင်းသည် တောင်တရုတ်ပင်လယ်ဘက်သို့ ဝင်ရောက်သွားပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ အပျက်အစီးနှင့် သေဆုံးမှုစာရင်းကို အတိအကျ မသိရသေးကြောင်း သတင်းများက ဆိုသည်။