- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မြန်မာ့အရေး အာဆီယံဆွေးနွေးပွဲသို့ ဖိလစ်ပိုင်သမ္မတနှင့် ထိုင်းဝန်ကြီးချုပ်တို့ မတက်
ဂျာကာတာတွင် ကျင်းပမည့် အာဆီယံခေါင်းဆောင်များ၏ မြန်မာ့အရေး ဆွေးနွေးပွဲသို့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး တက်ရောက်မည်မဟုတ်ကြောင်း သမ္မတပြောခွင့်ရက ဧပြီ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
23 Apr 2021

DMG ၊ ဧပြီ ၂၃
ဂျာကာတာတွင် ကျင်းပမည့် အာဆီယံခေါင်းဆောင်များ၏ မြန်မာ့အရေး ဆွေးနွေးပွဲသို့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး တက်ရောက်မည်မဟုတ်ကြောင်း သမ္မတပြောခွင့်ရက ဧပြီ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
လူကိုယ်တိုင် တက်ရောက်ရမည် ဖြစ်သည့်အတွက် သမ္မတဒူတာတေး မရောက်နိုင်ခြင်း ဖြစ်ကြောင်း သမ္မတပြောခွင့်ရ ဟယ်ရီရုက်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ဧပြီလ ၂၄ ရက်နေ့ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာအိမ်နီးချင်း ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် ပရာယုချန်အိုချာလည်း တက်ရောက်မည်မဟုတ်ပေ။ ဝန်ကြီးချုပ်အစား နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမာဝီနိုင် တက်ရောက်မည်ဖြစ်သည်။
အစည်းအဝေးသို့ မြန်မာ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး တက်ရောက်မည်ဟု တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြောင်း ဂျပန်သတင်းဌာန Nikkei Asia သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါသတင်းကို အတည်ပြုနိုင်ရန် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား ရိုက်တာသတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။