- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ပါကစ္စတန်တွင် စာသင်ကျောင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ၈ ဦးသေ၊ ၁၃၆ ဦး ဒဏ်ရာရ
ပါကစ္စတန်နိုင်ငံ ပက်ရှဝါမြို့စွန်ရှိ ဘာသာရေးစာသင်ကျောင်း တစ်ကျောင်းတွင် အင်အားပြင်းဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ကျောင်းသား ၈ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၁၃၆ ဦးအထိရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
28 Oct 2020
ပါကစ္စတန်နိုင်ငံ ပက်ရှဝါမြို့စွန်ရှိ ဘာသာရေးစာသင်ကျောင်း တစ်ကျောင်းတွင် အင်အားပြင်းဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ကျောင်းသား ၈ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၁၃၆ ဦးအထိရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အင်္ဂါနေ့နံနက်က ဂျာမီယာဇူဘိုင်ရီယာ စာသင်ကျောင်းရှိ ပင်မခန်းမတွင် ထင်ရှားသောဘာသာရေး ပညာရှင်တစ်ဦးက အစ္စလာမ်ဘာသာရေး အယူအဆများအား သင်ကြားပေးနေစဉ် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
စာသင်ကျောင်းတွင် တစ်ယောက်ယောက်က အိတ်တစ်လုံး ထားခဲ့ပြီး မိနစ်ပိုင်းအကြာတွင် ဗုံးပေါက်ကွဲခြင်း ဖြစ်ကြောင်း ကနဦးစုံစမ်းချက်များအရ သိရသည်ဟု ရဲအရာရှိ ဝါကာအာဇင်၏ ပြောကြားချက်အရ သိရသည်။
ပေါက်ကွဲမှုကြောင့် ခန်းမတစ်ခုလုံးတွင် မှန်ကွဲစများ ပြန့်ကြဲနေကာ ကော်ဇောမှာလည်း သွေးများစွန်းပေးနေသည်ကို ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့မြင်ရသည်။ ၁၁ ပေါင်ထက်မနည်းသော ဖောက်ခွဲရေးပစ္စည်းများ အသုံးပြုခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။
ဒဏ်ရာရ ကျောင်းသားများအနက် အခြေအနေစိုးရိမ်ရသူ အများအပြား ပါဝင်နေပြီး သေဆုံးမှု မြင့်တက်လာနိုင်ခြေ ရှိနေသေးကြောင်း ဆေးရုံတာဝန်ရှိသူများက ပြောကြားသည်။ ဒဏ်ရာရသူများတွင် အာဖဂန်ကျောင်းသားအချို့လည်း ပါဝင်ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
မျက်မြင်သက်သေ တစ်ဦး၏ ပြောကြားချက်အရ ဗုံးပေါက်ကွဲချိန်တွင် ခန်းမတွင်း၌ ရောက်ရှိနေသူစုစုပေါင်း ၅၀၀ ခန့်ရှိကြောင်း သိရသည်။
လက်နက်ကိုင်အုပ်စုများသည် ပါကစ္စတန်နိုင်ငံတစ်ဝန်းရှိ ဗလီများ၊ စာသင်ကျောင်းများ အပါအဝင် အများပြည်သူနှင့် သက်ဆိုင်သောနေရာများ နှင့် အရေးပါသော အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်လာနိုင်ကြောင်း ပါကစ္စတန်ထောက်လှမ်းရေးက သတိပေးချက် ထုတ်ပြန်ပြီး ရက်ပိုင်းအကြာတွင် ယခုပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မိမိတို့လက်ချက်ဖြစ်ကြောင်း မည်သူ့အဖွဲ့အစည်းကမှ ထုတ်ပြန်ခြင်း မရှိသေးပေ။
လက်ရှိအစိုးရ နုတ်ထွက်အောင် တွန်းအားပေးမှုများ ဆောင်ရွက်နေသည့် အတိုက်အခံပါတီကြီးသည် ပေါက်ကွဲမှုနှင့် ပတ်သက်နိုင်ကြောင်း သံသယများလည်း ထွက်ပေါ်လျက်ရှိသည်။
ပါကစ္စတန်တာလီဘန်အဖွဲ့၏ ပြောခွင့်ရတစ်ဦးဖြစ်သူ မိုဟာမက်ခူရာစာနီကမူ ဗုံးပေါက်ကွဲမှုအား သူရဲဘောကြောင်သော လုပ်ရပ်တစ်ခုဟု ပြောဆိုလိုက်ပြီး ပေါက်ကွဲမှုနောက်ကွယ်တွင် ပါကစ္စတန်နိုင်ငံရှိ အဖွဲ့အစည်းများ ပါဝင်နေသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။