- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဖိလစ်ပိုင်တွင် အွန်လိုင်းလောင်းကစားရုံ ၁၇၅ ခုကိုပိတ်ပြီး တရုတ်လူမျိုး ၄ သောင်းကို ပြည်နှင်ဒဏ်ပေးမည်
ဖိလစ်ပိုင်နိုင်ငံတွင် တရားမဝင်လည်ပတ်နေသော အွန်လိုင်းလောင်းကစားရုံ ၁၇၅ ခုကို ပိတ်သိမ်းမည်ဖြစ်ကာ တရုတ်နိုင်ငံသား အလုပ်သမား ၄ သောင်းကိုလည်း ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနတစ်ခုမှ အရာရှိတစ်ဦးက ပြောကြားလိုက်သည်။
28 Sep 2022

DMG ၊ စက်တင်ဘာ ၂၈
ဖိလစ်ပိုင်နိုင်ငံတွင် တရားမဝင်လည်ပတ်နေသော အွန်လိုင်းလောင်းကစားရုံ ၁၇၅ ခုကို ပိတ်သိမ်းမည်ဖြစ်ကာ တရုတ်နိုင်ငံသား အလုပ်သမား ၄ သောင်းကိုလည်း ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနတစ်ခုမှ အရာရှိတစ်ဦးက ပြောကြားလိုက်သည်။
ဖိလစ်ပိုင်၏ နိုင်ငံပြင်ပလုပ်ငန်းအဖြစ် သိကြသည့် အဆိုပါ အွန်လိုင်းလောင်းကစားရုံများ၏ လုပ်ငန်းလိုင်စင်များကို လောင်းကစားကြီးကြပ်ရေး အာဏာပိုင်များက ရုပ်သိမ်းလိုက်ကြောင်း တရားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟိုဆေးဒိုမိနစ်ကလာဗာနိုက စက်တင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါလောင်းကစားရုံများတွင် တရားမဝင်လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသား ၃၀၀ ခန့်ကို ဖိလစ်ပိုင်အစိုးရက ထိန်းသိမ်းထားသည်။ လောင်းကစားရုံတိုင်းတွင် အလုပ်သမား ၂၀၀ ခန့်စီရှိသည်ဖြစ်ရာ အကြမ်းဖျင်းတွက်ရလျှင် ပြည်နှင်ဒဏ်ပေးမည့် တရုတ်အလုပ်သမား စုစုပေါင်း ၄ သောင်းခန့်ရှိနိုင်ကြောင်း ကလာဗာနိုက ပြောကြားသည်။
အဆိုပါအလုပ်သမားများကို လာမည့်လမှစတင်၍ ဖမ်းဆီးတော့မည်ဖြစ်ပြီး ဖိလစ်ပိုင်အာဏာပိုင်များ အနေဖြင့် အောက်တိုဘာလ အလယ်ခန့်တွင် အလုပ်သမား ၃ ထောင်ခန့်အထိ ပြည်နှင်ဒဏ်ပေးပြီးဖြစ်မည်ဟု ကလာဗာနိုက ခန့်မှန်းထားသည်။
ဖိလစ်ပိုင်တွင် အွန်လိုင်းလောင်းကစားရုံများကို လိုင်စင်ဖြင့် တရားဝင်ဖွင့်လှစ်ခွင့် ပေးထားသော်လည်း ပြည်ပနိုင်ငံများမှသာ ကစားခွင့်ရှိပြီး ပြည်တွင်းမှ ဖိလစ်ပိုင်နိုင်ငံသားများ ဝင်ရောက်ကစားခွင့်မရှိပေ။ လောင်းကစားရုံများသည် အဓိကအားဖြင့် တရုတ်ဈေးကွက်ကို ဦးတည်လည်ပတ်ခြင်း ဖြစ်သလို အလုပ်သမားအများစုမှာလည်း တရုတ်လူမျိုးများ ဖြစ်ကြသည်။