မူးယစ်နှိမ်နင်းရေးကာလအတွင်း သတ်ဖြတ်ခဲ့မှုများအတွက် သမ္မတဒူတာတေ တရားရုံးတွင် ရင်ဆိုင်ရဖွယ်မရှိ

လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည့် မူးယစ်နှိမ်နင်းရေး စီမံကိန်းကာလအတွင်း ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ရန်နှင့် သံသယရှိသူများကို ဖမ်းဆီးရာတွင် ရဲများအတွက် အန္တရာယ်ရှိလာပါက အသေပစ်သတ်ရန် ညွှန်ကြားခဲ့သည့် ဖိလစ်ပိုင်သမ္မတဒူတာတေသည် ကြာသပတေးနေ့တွင် ရာထူးသက်တမ်း ကုန်ဆုံးပြီးနောက် တရားခွင်တွင် ရဆိုင်ရမည့်ပုံ မပေါ်ကြောင်း လေ့လာသူများက ပြောကြားသည်။

29 Jun 2022

ဓာတ်ပုံ - AFP

DMG ၊ ဇွန် ၂၉

လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည့် မူးယစ်နှိမ်နင်းရေး စီမံကိန်းကာလအတွင်း ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ရန်နှင့် သံသယရှိသူများကို ဖမ်းဆီးရာတွင် ရဲများအတွက် အန္တရာယ်ရှိလာပါက အသေပစ်သတ်ရန် ညွှန်ကြားခဲ့သည့် ဖိလစ်ပိုင်သမ္မတဒူတာတေသည် ကြာသပတေးနေ့တွင် ရာထူးသက်တမ်း ကုန်ဆုံးပြီးနောက် တရားခွင်တွင် ရဆိုင်ရမည့်ပုံ မပေါ်ကြောင်း လေ့လာသူများက ပြောကြားသည်။

ဒူတာတေသမ္မတသက်တမ်းအတွင်း အထူးထင်ရှားခဲ့သည့် မူးယစ်တိုက်ဖျက်ရေး စီမံကိန်းသည် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံခဲ့ရသလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု မြောက်နိုင်ခြေရှိသည်ဟု စွပ်စွဲပြောဆိုမှုများ ရှိခဲ့သည်။

သို့သော်လည်း အသက် ရ၇ နှစ်အရွယ် ဒူတာတေသည် ဖိလစ်ပိုင်လူထုအကြား ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရထားဆဲဖြစ်သလို နိုင်ငံရေးအရ အရေးပါသူတစ်ဦးအဖြစ်လည်း ရှိနေဆဲဖြစ်သည်။

ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်ကလည်း ဒူတာတေ ရာထူးသက်တမ်းကုန်ဆုံးချိန်၌ တရားစွဲခံရမည့် အခြေအနေကို အားလျော့စေခဲ့သည်။

ပြီးခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် ဖာနီနန်မားကို့စ်(အငယ်)က သမ္မတ၊ ဆာရာဒူတာတေက ဒုတိယသမ္မတအဖြစ် အသီးသီးအနိုင်ရရှိခဲ့သည်။

ဖာနီနန်မားကို့စ်(အငယ်)သည် ဖိလစ်ပိုင်အာဏာရှင်ဟောင်း မားကို့စ်၏သားဖြစ်သလို ဆာရာဒူတာတေသည်လည်း သမ္မတဒူတာတေ၏ သမီးဖြစ်သည်။

မားကို့စ်(အငယ်) သည် သမ္မတဒူတာတေ၏ မူးယစ်နှိမ်နင်းရေးစစ်ပွဲကို ထောက်ခံမှုပြသထားသလို သတ်ဖြတ်မှုများကို စစ်ဆေးမည့် နိုင်ငံတရာရာဇဝတ်ခုံရုံး (အိုင်စီစီ) နှင့်လည်း ပူးပေါင်းဆောင်ရွက်မည်မဟုတ်ဟု ပြောကြားထားသည်။

၂၀၁၆ ခုနှစ်တွင် ဖိလစ်ပိုင်သမ္မတအဖြစ် ဒူတာတေ အာဏာရလာပြီးနောက် ဆောင်ရွက်ခဲ့သည့် မူးယစ်နှိမ်နင်းရေးစီမံကိန်းအတွင်း လူပေါင်း ၆၂၀၀ ထက်မနည်း သေဆုံးခဲ့ရကြောင်း အစိုးရထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။