- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ဖိလစ်ပိုင် ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၅၈ ဦးအထိ မြင့်တက်
ဖိလစ်ပိုင်တွင် မြေပြိုကျမှုများနှင့် ရေကြီးမှုများကြောင့် သေဆုံးသူအရေအတွက်သည် ဧပြီလ ၁၃ ရက်နေ့တွင် ၅၈ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
19 Apr 2022
DMG ၊ ဧပြီ ၁၉
ဖိလစ်ပိုင်တွင် မြေပြိုကျမှုများနှင့် ရေကြီးမှုများကြောင့် သေဆုံးသူအရေအတွက်သည် ဧပြီလ ၁၃ ရက်နေ့တွင် ၅၈ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
သေဆုံးမှုအများစုမှာ အပူပိုင်းမုန်တိုင်း မက်ဂီကြောင့်ဖြစ်သည်။ ယခုနှစ်အတွင်း အပြင်းဆုံးမုန်တိုင်းဖြစ်သော မက်ဂီသည် လေတီအလယ်ပိုင်းခရိုင်ကို တိုက်ခတ်ခဲ့ပြီး မြေပြိုကျမှု အများအပြား ဖြစ်ပေါ်စေခဲ့သည်။
ပြီးခဲ့သော စနေနှင့် တနင်္ဂနွေနေ့များတွင် ဘေဘေးမြို့ပတ်ဝန်းကျင်၌ ရွှံ့နွံများပြိုကျမှုကြောင့် အနည်းဆုံး လူ ၄၇ ဦး သေဆုံးကာ ၂၇ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဒေသအာဏာပိုင်များ၏ ပြောကြားချက်များအရ သိရသည်။
မိုးကြီးမှုနှင့်အတူ မြေပြိုကျကာ ရွှံ့နွံဖုံးလွှမ်းခံရသော ကျေးရွာများတွင် ကယ်ဆယ်ရေးဆောင်ရွက်သူများသည် လက်ဗလာဖြင့် အလောင်းများ တူးဖော်နေရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နီဂရိုးအော်ရီယင်တယ်ခရိုင် အလယ်ပိုင်းတွင်လည်း လူသုံးဦး သေဆုံးကာ တောင်ပိုင်းကျွန်းဆွယ် မင်ဒါနိုတွင်လည်း သုံးဦးသေဆုံးခဲ့ကြောင်း ဖိလစ်ပိုင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဌာန၏ ပြောကြားချက်အရ သိရသည်။
လူဦးရေ ၄၀၀ ခန့်ရှိသည့် လေတီခရိုင် ပီလာကျေးရွာတွင် ယမန်နေ့က မြေပြိုကျမှုကြောင့် နေအိမ်အများစုမှာ ပင်လယ်ထဲ မျောပါသွားပြီး ရှာဖွေရေးလုပ်ငန်းများအား ဗုဒ္ဓဟူးနေ့တွင် စတင်ဆောင်ရွက်နေပြီဖြစ်သည်။
အဆိုပါကျေးရွာမှ ရွာသား ၅၀ ခန့် ကယ်ဆယ်ရရှိထားကြောင်း မီးသတ်ဌာနက အင်္ဂါနေ့တွင် ဖေ့စ်ဘုတ်ပေါ်၌ ရေးသားထားသည်။