- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဒုက္ခသည်များအတွက် အကူအညီပေးရေး လမ်းကြောင်းများ ခွင့်ပြုပေးရန် ပုပ်ရဟန်းမင်းကြီး မေတ္တာရပ်ခံ
ပဋိပက္ခများကြောင့် တိမ်းရှောင်နေရသူများအတွက် ကူညီထောက်ပံ့မှုများ ခွင့်ပြုပေးရန်နှင့် ဘာသာရေးအဆောက်အအုံများအား အထွတ်အမြတ်နေရာများအဖြစ် အလေးထားပေးရန် မြန်မာစစ်တပ် ခေါင်းဆောင်များအား ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ယနေ့ (ဇွန် ၂၀) မေတ္တာရပ်ခံလိုက်သည်။
21 Jun 2021

DMG ၊ ဇွန် ၂၁
ပဋိပက္ခများကြောင့် တိမ်းရှောင်နေရသူများအတွက် ကူညီထောက်ပံ့မှုများ ခွင့်ပြုပေးရန်နှင့် ဘာသာရေးအဆောက်အအုံများအား အထွတ်အမြတ်နေရာများအဖြစ် အလေးထားပေးရန် မြန်မာစစ်တပ် ခေါင်းဆောင်များအား ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ယနေ့ (ဇွန် ၂၀) မေတ္တာရပ်ခံလိုက်သည်။
စိန့်ပီတာရင်ပြင်၌ ယနေ့ ပြုလုပ်သည့် ဆုတောင်းပွဲတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သောသီတင်းပတ်က မြန်မာ ကက်သလစ်ဘုန်းတော်ကြီးများ၏ မေတ္တာရပ်ခံချက်တွင် မိမိ၏အသံကိုလည်း ထပ်လောင်းဖြည့်စွက်လိုကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောသည်။
နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများအတွက် ကူညီထောက်ပံ့မှုများအား ခွင့်ပြုပေးရန် မြန်မာနိုင်ငံရှိ ဘုန်းတော်ကြီးများ၏ တောင်းဆိုချက်ကို ထောက်ခံကြောင်းနှင့် ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စေတီ၊ ဘုရားတန်ဆောင်း၊ ဗလီ၊ စာသက်ကျောင်း၊ ဆေးရုံ အစရှိသည့် နေရာများအား ခိုလှုံရာနေရာများအဖြစ် လေးစားပေးရန်လည်း ပုပ်ရဟန်းမင်းကြီးက တောင်းဆိုခဲ့သည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်လည်း အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးသူ ဖြစ်သည်။