- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ကိုဗစ်-၁၉ ကာလ တားဆေးပြတ်လပ်မှု၊ ကိုယ်ဝန်ဖျက်ချမှုများ ကြုံရသူ အမျိုးသမီး သန်းပေါင်းများစွာရှိ
ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာကပ်ဘေးကြီးကြောင့် ပဋိသန္ဓေတားဆေး ဝယ်မရခြင်း၊ ကိုယ်ဝန်ဖျက်ချရန် အဆင်မပြေခြင်းများ ကြုံနေရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ် သန်းပေါင်းများစွာ ရှိနေကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
20 Aug 2020

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာကပ်ဘေးကြီးကြောင့် ပဋိသန္ဓေတားဆေး ဝယ်မရခြင်း၊ ကိုယ်ဝန်ဖျက်ချရန် အဆင်မပြေခြင်းများ ကြုံနေရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ် သန်းပေါင်းများစွာ ရှိနေကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကိုရိုနာကပ်ဘေးကြီး ၇ လ ခန့် ကြာမြင့်လာချိန်၌ အမျိုးသမီးအများအပြားသည် သန္ဓေတားရန် အဆင်မပြေမှုကြောင့် လက်ရှိအချိန်တွင် ကိုယ်ဝန်ဆောင် ဒုတိယ ၃ လ ကာလသို့ ရောက်ရှိနေကြပြီဖြစ်ကြောင်း လေ့လာချက်တစ်ရပ်အရ သိရသည်။
Marie Stopes International အဖွဲ့က နိုင်ငံပေါင်း ၃၇ နိုင်ငံတွင် ပြုလုပ်ခဲ့သော လေ့လာချက်အရ ကမ္ဘာတစ်ဝန်းတွင် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိလာသူ ၉ သိန်းနီးပါး ရှိနေပြီး အန္တရာယ်မကင်းသော ကိုယ်ဝန်ဖျက်ချမှု ၁ သန်းခွဲရှိကာ ကိုယ်ဝန်နှင့်ဆက်စပ်ပြီး သေဆုံးသူ ၃၀၀၀ ကျော်ရှိနိုင်ကြောင်း ဖော်ပြထားသည်။
ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ (U.N. Population Fund) က ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာကပ်ဘေးကာလ၌ မရည်ရွယ်ဘဲ ကိုယ်ဝန်ဆောင်ရသူ ၇ သန်းအထိ ရှိနိုင်ကြောင်း သတိပေးထားသည်။
ကိုဗစ်ကာကွယ်ရေး လော့ဒေါင်းများ၊ ခရီးသွားလာခွင့် ပိတ်ဆို့မှု၊ ကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်း၊ ကိုဗစ် ကာကွယ်ရေးအတွက် ကျန်းမာရေး ဆေးဝါး ပစ္စည်းများ အများအပြား သုံးစွဲရခြင်း၊ ပိုးကူးစက်ခံရမည်ကို ကြောက်ရွံ့ခြင်းတို့ကြောင့် အမျိုးသမီးများ၊ မိန်းကလေးများသည် အလေးထား ကုသခံရမှုမရှိဘဲ ဖြစ်နေရကြောင်း အေပီသတင်းက ဆိုသည်။
ကမ္ဘာတစ်ဝန်းတွင် သြဂုတ်လ ၂၀ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစုစုပေါင်း ၂၂ သန်းခွဲရှိပြီး သေဆုံးသူစုစုပေါင်း ၈ သိန်းနီးပါး ရှိနေပြီဖြစ်ကြောင်း Worldometers ဝက်ဆိုက်တွင် ဖော်ပြထားသည်။