- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
ရုရှားပိုင်နက်ထဲသို့ ယူကရိန်းကျူးကျော်မှု တရားဝင်သည့်လုပ်ရပ်ဟု အီးယူပြော
ဂျာမနီသတင်းစာ ဗတ်အမ်းဆန်းတက် (Welt am Sonntag) တွင် ဖော်ပြထားသည့် စတိုတမ်ဘက်၏ ပြောကြားမှုသည် ယူကရိန်းကျူးကျော်မှုနှင့် ပတ်သက်၍ ပထမဆုံးမှတ်ချက်လည်း ဖြစ်သည်။
31 Aug 2024
ရုရှားပိုင်နက်ဖြစ်သော ကာ့စ်ဒေသထဲသို့ ယူကရိန်းက ကျူးကျော်မှုသည် တရားဝင်ပြီး ကိယက်ဗ်၏ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်နှင့် လျော်ညီသည်ဟု နေတိုးအဖွဲ့ အတွင်းရေးမှူး ယန်းစတိုတမ်ဘက်က ပြောကြားလိုက်သည်။
ဂျာမနီသတင်းစာ ဗတ်အမ်းဆန်းတက် (Welt am Sonntag) တွင် ဖော်ပြထားသည့် စတိုတမ်ဘက်၏ ပြောကြားမှုသည် ယူကရိန်းကျူးကျော်မှုနှင့် ပတ်သက်၍ ပထမဆုံးမှတ်ချက်လည်း ဖြစ်သည်။
“ယူကရိန်းမှာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် ရှိပါတယ်။ နိုင်ငံတကာ ဥပဒေအရ ဆိုရင်လည်း ဒီအခွင့်အရေးဟာ နယ်စပ်မှာတင် ရပ်သွားတာ မဟုတ်ပါဘူး” ဟု စတိုတမ်ဘက်က ပြောကြားကြောင်း သတင်းစာ၌ ဖော်ပြထားသည်။
ယခုကျူးကျော်မှုနှင့် ပတ်သက်ပြီး ယူကရိန်းဘက်က နေတိုးကို ကြိုတင် အသိပေးခဲ့ခြင်း မရှိသလို နေတိုးအနေဖြင့် ပါဝင်ပတ်သက်မှုလည်း မရှိဟု သူကပြောသည်။
ရုရှားပိုင်နက်ထဲသို့ ယူကရိန်းက ဝင်ရောက်ကျူးကျော်ခြင်းသည် အရဲစွန့်သည့် လုပ်ရပ်တစ်ခု ဖြစ်သော်လည်း စစ်ဆင်ရေးကို မည်ကဲ့သို့ ဆောင်ရွက်မည် ဆိုသည်မှာမူ ကိယက်ဗ်အပေါ်တွင်သာ မူတည်သည်ဟုလည်း နေတိုးအကြီးအကဲက ပြောကြားသည်။
“ဒီစစ်တင်ရေးဟာ ရုရှားဘက်က ထပ်မံပြီး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ မလုပ်လာအောင် ကာကွယ်ရေးအတွက် ကြားခံဇုန်တစ်ရပ် ဖန်တီးဖို့ဖြစ်ကြောင်း သမ္မတဇီလင်စကီးက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ” ဟုလည် သူကပြောသည်။
ရုရှားတပ်ဖွဲ့များက ယူကရိန်းအရှေ့ပိုင်းရှိ ဗျူဟာမြောက် ဆုံချက်နေရာတစ်ခုဖြစ်သော ပေါ့ခရော့ (Pokrovsk) ဒေသကို တောက်လျှောက် ထိုးစစ်ဆင်နေချိန်၌ ယူကရိန်းသည် သြဂုတ်လ ၆ ရက်နေ့တွင် နယ်စပ်ဖြတ်ကျော်ပြီး ရုရှားပိုင်နက် ကာ့စ်ဒေသကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ရုရှားကလည်း ကာ့စ်စစ်ဆင်ရေးသည် အကြီးအကျယ် ရန်စမှုတစ်ရပ် ဖြစ်ကာ လက်တုံ့ပြန်သွားမည်ဟု ပြောကြားထားသည်။